Ending(unicode)

281 23 3
                                    

"နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ နျဲ့သခင်လေး ဆက်ပြောပါဦး....."

"နောက်ပိုင်း.....?
နောက်တော့....ငါလည်း....မသိတော့ဘူး
ဇယ်ဝူကျွင်းနဲ့ လျန်ဖုန်ဇွင်း နဲ့ ညားသွားတယ်ဆို တော်ပြီပေါ့ မင်းတို့က ဘာဆက်သိချင်တာတုန်း...."

အိုးရန်ဇိကျင်း လန်ကျင်းရီ လန်စစ်ကျွေးတို့သည် နျဲ့ဟွိုက်စန်းနားတွင် ဝိုင်းထိုင်ကာ ရှေးဟောင်းနှောင်းဖြစ် ဗဟုသုတများ ရှာမှီးနေကြခြင်း....

အနားတွင် ဝေ့ဝူရှန်းသည် ဒူးတစ်ဖက်ထောင်၍ သစ်ပင်တစ်ပင်ကို ပျင်းတွဲစွာမှီထိုင်နေသည်။
လက်ထဲတွင် ယုန်တစ်ကောင်တစ်ကောင်ကိုလည်း ပလက်လှန်လိုက် မှောက်လိုက်ဖြင့် ဆော့ကစားနေသေးသည်။

"အရင်က လျန်ဖုန်ဇွင်းကို ကျင်းဂိုဏ်းသား အဖြစ်တောင် အသိအမှတ်မပြုခဲ့တာ ပြီးတော့ ဇယ်ဝူကျွင်းက ဘယ်လိုလုပ် ကျင့်ကြံခြင်းလောကက သူတွေ တော်တော်များများ သိပ်အမြင်မကြည်တဲ့ လျန်ဖုန်ဇွင်း ကိုမှ...."

"ဇိကျင်း မင်းစကားကို ဆင်ခြင်ပြောစမ်း ငါ့လေးလေးလို ချောမော ခန့်ညားတဲ့သူကို ကြိုက်လွန်းလို့ ဇယ်ဝူကျွင်းက အရင်စတောင်းရမ်းခဲ့တာပဲ...."

"ဇိကျင်းက မင်းလေးလေးကို ပြောတာ မဟုတ်ဘူးလေ သူပြောတာ ကျင့်ကြံခြင်းလောက သခင်မလေးတွေရှိတဲ့ကြားက ဘာလို့ ဇယ်ဝူကျွင်းက အဲ့တုန်းက အခြေအနေနဲ့ လျန်ဖုန်ဇွင်း ကို ရွေးရတာလဲကို မေးတာ....
ပြီးတော့ ချောမောခန့်ညားတာခြင်းကို ယှဉ်ရင်လည်း ဇယ်ဝူကျွင်းက ပိုသာတာပဲ..."

"ကျင်းရီ မင်းတို့ ဇယ်ဝူကျွင်းက ဘယ်လိုပဲ ခန့်ခန့် ငါလေးလေးကသာ မယူခဲ့ရင် ခုချိန်ထိ ငါ့အမေဘက်က ဦးလေးကျန်းလို လူပျိုကြီးဖြစ်နေဦးမှာပဲ...."

"ကျန်းချန်က လူပျိုကြီးလို့ ဘယ်လိုပြောလဲ!!!"

နျဲ့ဟွိုက်စန်း၏ စကား အဆုံး ငြင်းခုံနေကြသော ကလေး တစ်စု၏ အကြည့်သည် နျဲ့ဟွိုင်စန်းဆီသို့ စုပြုံလာသည်။

"ဦးလေးကျန်းက လူပျိုြကိးမဟုတ်ဘူးလား...."

ကျင်းလင်သည် မျက်မှောင်ကျုံ့ကာ မေးမြန်း၏။

IntentionallyWhere stories live. Discover now