#မဖတ်ရ17

257 29 1
                                    


ခဏခဏ
ရင်လာမဖွင့်ပါနဲ့
ကလေးငယ်
ငါ့မှာလည်း
နှလုံးသားနဲ့
ဒဏ်ရာနဲ့

တစ်ခဏစာ
သာယာဖူးတဲ့
ကိုင်းကိုမှ
မြဲမလိုလိုထင်ပြီး
လက်နာမှာ မကြောက်
ဘာမကြောက်
တွဲလဲလဲ
ခိုနေဆဲ မင်းကို
ဆင်းလာဖို့
နားမချနိုင်တာကလည်း
ငါ့အမှားပါပဲ၊

အချိန်တန်
ဆင်းလာလေမလား
တွေးဆဆနဲ့
ဆေးသေတ္တာကိုင်
စောင့်ဆိုင်းနေတဲ့ငါက
မလွဲသာမရှောင်သာလို့
ရပ်စောင့်ကူတဲ့
လမ်းသွားလမ်းလာလို့
မင်းထင်နေသလား ကလေးငယ်။

ဆင်းခဲ့ပါလို့
အထပ်ထပ်ပြော
စိတ်မောနေတဲ့ ငါက
မင်းမဆင်းခင်
နှလုံးရပ်သေမယ့်
အဖြစ်မျိုး။

ရင်နာတာထက် ဆိုးပါတယ်
ကလေးငယ်၊
စစ်မဖြစ်တဲ့ဒေသမှာ
ကျည်ဆံတွေ
ရင်ထဲစိုက်တဲ့ ငါ့အဖြစ်

ကလေးရေ
လက်တွေနာလာရင်
ဆင်းခဲ့ပါ၊
ကလေးရေ
ခါချဉ်ကိုက်ရင်
ဆင်းခဲ့ပါ၊
ကလေးရေ
ခိုထားတဲ့
သစ်ကိုင်းကနဲ့နဲ့လေးမို့
ဆင်းလာခဲ့ပါ၊
ကလေးရေ
ငါ့နှလုံးသားခုန်နေတုန်းမှာ
ဆင်းခဲ့ပါ၊

မဖတ်ရ (Don"t Read It)Where stories live. Discover now