#မဖတ်ရ10

414 34 1
                                    

တစ်နေ့မှာ …
နတ်ဝှက်တဲ့ပန်းတစ်ပွင့်ကို တွေ့တယ်
မိုက်မိုက်ကန်းကန်း ငုံ့မွှေးပစ်ချင်ရဲ့
ငါ့အနမ်းတွေက မရဲဘူးဟယ်
ကြည့်နေရင်း နှမျောရသလို
မြင်နေရင်းလဲ လွမ်းရတာပဲ
ချစ်လိုက်တာကွယ် …

မနေ့က …
ဝရန်တာမှာ လတစ်စင်းသာတယ်
လေးဆယ့်ကိုးယူဇနာအဝန်းနဲ့
အရောင်မစုံဘဲ  ရှင်းရှင်းကြီးလှနေတာ… လောကကိုမေ့သည်အထိ မော့ကြည့်ခဲ့ရုံပေါ့
ခုန်မချပါနဲ့ကွယ် …

အသိစိတ်ဟာ ပန်းတစ်ပွင့်ဆိုရင် …
ဝတ်မှုန်တွေက ကြောက်ရွံခြင်းပါ
ပွင့်ချပ်တွေ တစ်လွှာချင်း လှပ်ကြည့်
ကာပချီနို လိမ်းကျံထားတဲ့ နှုတ်ခမ်းလေး တစ်စုံရှိမယ်
ကို့ရို့ကားရား ပန်းရောင်အိတ်ခပ်သေးသေး တစ်လုံးရှိမယ်
ပါးပြင်ကို ခုန်ကိုက်တတ်တဲ့ ငါးကလေး တစ်ကောင်ရှိမယ်
ကျွဲဆည်ကန်ထဲ လွှင့်ကျန်ခဲ့တဲ့ မျက်ရည်စက်ကလေးတွေလဲ ရှိမယ်
လွမ်းတယ် ……

ဝတ်မှုန် တွေလား ?
"ခင်ဗျားကြီးကို ချစ်လိုက်တာ " ဆိုတဲ့စကား… ငါ့နားစည်ထဲက ကျပျောက်သွားမှာမျိုးပေါ့ ။

Crd:

မဖတ်ရ (Don"t Read It)Donde viven las historias. Descúbrelo ahora