#မဖတ်ရ24

175 25 3
                                    

အလွမ်းရောင်းမည်။
@@@@@@@@@

အလွမ်းတွေ ဝယ်သည်။
ဆိုင်းဘုတ်တင်ထားတဲ့ ဆိုင်က
အလွမ်းတွေ ဝယ်ရောင်းလုပ်တာ၊
အခုထိများ ကုန်ကို မကုန်နိုင်ဘူး။

သူက ဝယ်ပြီးတော့ ပြန်ရောင်းတာ၊
အလွမ်းရောင်းသူ ရောင်းသမလေးတွေက
လိုသမျှအလွမ်းစစ်မစစ်ကို
ဒီလိုစမ်းရတယ်လို့တော့ ပြောတာပဲ၊
အလွမ်းကလည်း အမျိုးမျိုး
ဈေးလည်းမတူဘူး ဆိုလား၊

ရင်နာခြင်းနဲ့ နာကျင်မှုတချို့ ပါတဲ့ အလွမ်းက
ဈေးပိုပေးရမယ် ပြောတယ်။

ကြည်ကြည်သာသာ အလွမ်းကလည်း
ဈေးသေးတယ် မထင်လိုက်နဲ့၊
မျက်ရည်တစ်စ နှစ်စသာ
ပါလို့ကတော့ ဈေးပိုတက်ပြီ။
လူကြိုက်လည်း သိပ်များသေး ဆိုပဲ၊

ဈေးအများဆုံးကတော့
နှစ်ချို့အလွမ်းလို့ ဆိုတယ်ဗျာ၊
သူကျ ပါဝင်မှုအစအနတွေ
သိပ်များဆိုတာများ၊
တန်ကြေးကြီးအချစ်စစ်တောင် ပါသေးတယ်တဲ့၊
ရင်နာတာတို့ နာကျင်တာတို့ ပါသလို
ကြည်သာခြင်းလည်း ပါသကိုး၊
ပျော်ရွှင်မှု အစအနလည်းပါပြီး
မျိုသိပ်ခြင်း စွန့်လွှတ်ခြင်းကလည်း ပါကိုပါရမယ်တဲ့၊

အလွမ်းမှန်ရင်
နာကျင်မှုတချို့တော့
ပါကိုပါရမယ်တဲ့၊
မပါဘူးဆို အလွမ်းမစစ်ဘူးတဲ့၊
အလွမ်းစစ်မစစ် ခွဲတာက အဲ့လိုရယ်တဲ့၊

အလွမ်းအရောင်းဆိုင်ဆီကိုသွား
ခပ်တိုးတိုး ပြောမိတယ်။
ကျွန်တော့်မှာ အလွမ်းနည်းနည်းရှိလို့
ရောင်းချင်လို့ပါ။
ကျွန်တော့်ဆီက အလွမ်းအနည်းငယ်ကို
ထုတ်ပြမိတယ်။

အရောင်းသမလေးတွေခမျာ
ကပျာကယာနဲ့ ဆိုင်ရှင်ကို ပြေးခေါ်လေရဲ့၊
ဆိုင်ရှင်က ခပ်သုတ်သုတ် လှမ်းလာတယ်။
ကျွန်တော့လက်ထဲက ပစ္စည်းကို ကြည့်တယ်။
သူဈေးဖြတ်တော့မယ်။

သူက သက်ပြင်းအသာချ
ကျွန်တော့ကို ဆိုလာတယ်။
ဒီအလွမ်းကို ဝယ်ဖို့ မတတ်နိုင်တာ
တောင်းပန်ပါတယ်တဲ့။

စွဲညို့
Don't Copy. It's mine.

မဖတ်ရ (Don"t Read It)Donde viven las historias. Descúbrelo ahora