#မဖတ်ရ26

187 22 3
                                    

အနာဂတ်မှ လက်တွဲဖော် သို့မဟုတ် ပါရမီဖြည့်ဘက်ထံသို့

- ချစ်ရေ
မနက်လင်းရင် စောထပါ၊ ပြီးမှ ငါ့ကို နိုးပါ။ ငါက ညဘက်မအိပ်ရသူမို့။

-ချစ်ရေ
ငါချက်တဲ့ဟင်း ငန်ငန်ချိုချိုတူးတူးခါးခါး စားပါ။ တစ်ရက်ထက် တစ်ရက် ပိုကောင်းလာတယ်လို့ ပြောပေးပါ။ မင်းက ငါ့ကို ခေါက်ဆွဲပြုတ်ကျွေးပါ။ အပြန်အလှန်ပေါ့။

-ချစ်ရေ
ရုံးတက်မယ်ဆို၊ အဝတ်တွေ ထုတ်ထားပေးရမလား။ သေတော့မသေချာဘူး။ ငါ့အဝတ်တွေကို တခြားလူ စီမံပေးတာ ငါမကြိုက်လို့၊ မင်းဆိုရင်ကော၊

-ချစ်ရေ
နေ့လည်စာ အတူတူစားနိုင်မှာ မဟုတ်ဘူး၊ ပုံမှန်တော့စား။ ရောဂါဖြစ်ရင် ငါက စိတ်ပင်ပန်းရတယ်၊ မင်းက နာကျင်ခံစားရမယ်။ အလှဲအလှယ် လုပ်လို့ရတာမျိုး မဟုတ်ဘူး။

-ချစ်ရေ
နေ့လည်တိုင်းမှာ ဖုန်းဆက်ပါ၊ သတိရကြောင်း သာကြောင်း မာကြောင်း ၂မိနစ်လောက် ပြောတာ ဘေလ်မကုန်ပေမယ့် ရင်ခုန်ရတယ်လေ။

-ချစ်ရေ
ရုံးဆင်းချိန်မှာ လာကြိုပါ၊ နင်လည်း အလုပ်လုပ်တယ်၊ ငါလည်း အလုပ်လုပ်တယ်၊ တစ်ယောက်တည်း သွားနိုင်ရင်တောင် နင်လိုက်ပို့ပေးမှ ရုံးတက်မယ်၊ နင်လာကြိုမှ ရုံးဆင်းမယ်၊ ငါတို့နှစ်ယောက် ဘဝအတွက် ပြေးလွှားနေရရင်တောင် နီးကပ်ဖို့လိုသေးတယ်လေ၊ ပြီးတော့ ဆိုင်ကယ်လေးပဲ စီးကြရအောင်ပါ၊ အနောက်ကနေ ငါဖက်ထားပေးမယ်၊ နင်မောခဲ့သမျှ ငါမောခဲ့သမျှ ရုံးဆင်းချိန်မှာ အပန်းဖြေရအောင်၊

-အချစ်ရေ
အိမ်ပြန်ရောက်ရင်တော့ ပထမဆုံး အဝတ်တွေ လျှော်စက်ထဲ ထည့်မယ်၊ နင်က အဝတ်လှန်း၊ ငါက ကောင်းကောင်း မကောင်းကောင်း တစ်ခုခု ချက်မယ်၊ နောင်နှစ်နှစ်ဆယ်လောက်ကျရင် ငါ့လက်ရာကို နင် အသားကျသွားလိမ့်မယ်၊

-အချစ်ရေ
ညစာစားပြီးချိန်ကျ ပန်းကန်အတူတူ ဆေးကြမယ်လေ။ ပြီးရင်စာ အတူတူဖတ်ကြမယ်လေ၊ ဖုန်းသုံးတာလေး လျော့ထားရအောင်၊ လမ်းလျှောက်ထွက်ကြမလား၊

-အချစ်ရေ
ညဦးပိုင်းက ငါ့စာရေးချိန်လေ၊ အနားလာပြီး စကားတွေ ပြောနေလည်း ငါက စာရေးရမှာနော်၊ ငါ့ဝါသနာလေ၊ အာ့ချိန်ကျ ဂိမ်းဆော့မလား၊ ဇာတ်လမ်း ကြည့်မလား၊ နင်ကြိုက်တာ နင်လုပ်လေ၊ တစ်ရက်တစ်လေတော့ ငါ့ကို အနှောင့်ယှက်ပေးပေါ့၊ အမြဲတမ်းဆို ငါလည်း စိတ်ဆိုးလိမ့်မယ်။

မဖတ်ရ (Don"t Read It)Where stories live. Discover now