"မင်းတတ်နိုင်တယ် ဆိုတာ ငါကိုယ်တော်သိတယ်၊ မင်း ဘယ်လောက်ထိ ထက်မြက်ပြီး ဘယ်လောက်ထိ ဆင်ခြင်တတ်မှန်း သိတယ်၊ ဒါပေမယ့် မင်းက ငါကိုယ်တော်ရဲ့ မိဖုရားလေ၊ မင်း တတ်နိုင်တာကို သိနေရင်တောင် မင်းသန်မာတာကို သိနေရင်တောင် မင်းရင်ဆိုင်နိုင်တာကို သိပြီးသား ဆိုရင်တောင် ငါကိုယ်တော် တတ်နိုင်တဲ့ လက်ဖဝါးနဲ့ ကာကွယ်ပေးလိုက်တာပဲ ဖြစ်ဖြစ် ငါကိုယ်တော် လုပ်ပေးချင်လို့ပါ၊ အဲ့ဒီလက်ဖဝါးက ဓားဒဏ် မြားဒဏ်၊ ယုတ်ဆွဆုံး မီးဒဏ် ရေဒဏ်တွေကို မကာကွယ်နိုင်ဘူး ဆိုရင်တောင်မှ နေရောင်ခြည်ရဲ့ဒဏ်ကိုတော့ ကာကွယ်နိုင်ကောင်းပါရဲ့ ဆိုရုံလေးပါ၊ ငါကိုယ်တော် မှားသွားလား၊ မင်း ဒီလောက်ထိ မျက်နှာ မပြချင်လောက်အောင် အမှား လုပ်မိလို့လား" - ကျောင်းမင်အန်းချီ