#မဖတ်ရ23

179 15 4
                                    

ကိုယ်အခု သရဲတွေ ဘာတွေ မကြောက်တော့ဘူး၊ (ဇာတ်လမ်းထဲက သရဲမသာတွေတော့ ဖန်တီးပြုလုပ်ချက်မှန်း သိသိနဲ့ ကြောက်တုန်းပါ၊ ကျန်းစုတောင် ကြောက်ပါတယ်၊ အဲ့ဒါကလည်း ကြည့်နေတဲ့အချိန် ကြည့်လက်စအချိန်ပဲ ကြောက်တာပါ၊ ကြည့်ပြီးရင်တော့ မကြောက်တော့ပါ။)

ငယ်ငယ်တုန်းက သရဲကြောက်ဖူးတယ်။ အခုတော့ သရဲကြောက်တယ် ဆိုတာ တော်တော်လေး ခံစားရခက်သွားပြီ။ မယုံတာ မဟုတ်ဘူးနော်၊ တည်ရှိနေမှန်း သိသိနဲ့ ကြောက်တဲ့ ခံစားချက်က မကျန်တာမျိုး။

ငယ်တုန်းက ကြောက်တယ်။ ဒါပေမယ့် စွဲမေမေက မကြောက်တတ်ဖို့ သင်ပေးတာ၊ ကြောက်စရာမလိုဘူး ဆိုပြီး၊ မေမေက ကြောက်တတ်တာ မကြိုက်ဘူး။ ဒါပေမယ့် ကလေးပဲဟာ မကြောက်နဲ့ ဆိုတိုင်း မကြောက်ရအောင်က ဘာလုပ်လို့ လုပ်ရမှန်းမသိလေ၊

ကြောက်တာကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို ကလေးသေးသေးလေးနဲ့ စတွေးလာတာ၊ ၃တန်း ၄တန်း အဲ့တုန်းက၊ ငါ မကြောက်အောင် ဘာလုပ်ရမလဲ၊ အဖြေက မသိဘူး။

တကယ်လည်း သိမှမသိပဲကိုး၊ ကြောက်တယ် ဆိုမှတော့ ကြောက်တယ် ကြောက်တယ်ပဲ သိတာ။ စွဲအောက်မှာက ညီမလေးတစ်ယောက် ရှိတယ်။ သူကျ သရဲအသေကြောက် တတ်တာ၊ အခုထိပဲ (ဒီစကားက သက်သက်ကြွားတာ ညီမလေးကို😁)

စွဲက အိပ်မက်မက်တတ်တယ်။ နေ့ခင်းတွေးမိသမျှ ညပိုင်းကျ အကုန် အိပ်မက်တတ်တာမျိုး၊ အိပ်မက် မက်သမျှအကုန်တော့ စိတ်ထဲကျန်လေ့ မရှိပါဘူး။

အဲ့တုန်းက နေတာက မြို့မကျ တောမကျလေ၊ အရပ်ဓလေ့တွေ ဘာတွေကလည်း များတယ်။ ညပိုင်းတို ဟိုအိမ်ဒီအိမ် အိမ်လည်ကြတာမျိုး၊ ပြီး လူစုံပြီဆို ပြောကြပြီ၊ ဟိုအကြောင်း ဒီအကြောင်း ကနေစ၊ နောက်ဆုံး သရဲ၊ ဖုတ်၊ ပြိတ္တာ၊ သူရကယ်က မပါမပြီး။

ညမအိပ်ခင် အဲ့ဒါတွေပြော ညအိပ်တော့ အဲ့ဒါတွေချည်း အိပ်မက်တာ၊ သရဲ၊ နတ်ဆိုး၊ ဘီလူး၊ ဘာတွေလည်းမသိဘူး။ သရဲခြောက်တာဆို အိပ်မက်ထဲမှာ အသေခံရတာ။ လန့်နိုးလာရင် လန့်နေတော့တာ။

ကြာတော့ ကြောက်ရတာကို မကြိုက်လာတာက စတာပဲ၊ ပြန်တွန်းလှန်မယ်။ ကိုယ့်မှာ ဖြစ်နေကျ တစ်ခုခုကို ပြန်တွန်းလှန်ရတာ လုံးဝ လုံးဝ မလွယ်ပါဘူး။ ကြုံဖူးကြမှာပါ။ ပြန်တွန်းလှန်မယ် ဆိုတာနဲ့၊ အိပ်မက်တယ်။ အိပ်မက်ကို ကိုယ်လိုရာဆွဲမက်ပစ်တာမျိုး၊ ဥပမာ သရဲလိုက်ခြောက်တယ် ဆိုပါစို့၊ သရဲက မီလုမီခင်မှာ ကိုယ်က နိုးလာရင် ပြန်အိပ်တယ်။ အိပ်မက်ကို ကိုယ့်အတွေးနဲ့ ပြန်ချယ်တယ်။ သရဲက ကိုယ့်ကို မမှီလိုက်ဘူး။ သရဲကို ပုန်းလိုက်နိုင်တယ်။ အကာအရံလုပ်လိုက်တယ်။ အဲ့လိုမျိုး အတွေးနဲ့ တွန်းလှန်ခဲ့တယ်။

ကြောက်တာနဲ့ ပတ်သတ်တဲ့ နောက်တစ်နည်းက လက်ရှိကြောက်နေတယ် မဟုတ်လား။ တစ်ခုခုလုပ်၊ စိုးရိမ်တာနဲ့ ကြောက်တာက မတူဘူးနော်။ ကြောက်လို့ တုန်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်ဖို့ တွန်းအားပေးလိုက်ပါ။ အဲ့ဒါဆို အနည်းငယ် လျော့သွားပါတယ်။ လျော့သွားတာနဲ့ စဉ်းစားဆင်ခြင်တဲ့အသိက ဆုံးဖြတ်နိုင်ပါပြီ။

အခုနေတော့ ကြောက်တာနဲ့ ပတ်သတ်ပြီး ပြောချင်တာက ဒါလောက်ပါပဲ။

မဖတ်ရ (Don"t Read It)Onde histórias criam vida. Descubra agora