Part 1
မြို့ပြင်က တောအုပ်မှာ ခန်းနားကြီးကျယ်သော အိမ်ကြီးတစ်လုံးရှီသည်။ အဲ့ဒီအိမ်အိုက အရမ်းခမ်းနားလှပသလို့ အရမ်းချစ်ပြီး ကြင်နာတဲ့ ကောင်လေးနှစ်ယောက်လည်းရှီတယ်
" လန့်ကျန့် ထတော့လေ ဒီနေ့နေရောင်မထွက်ဘူး အပြင်မှာ လမ်းလျှောက်ရအောင်နော် ''
" အင်း ''
လန်ကျန့် မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ဖန်ခွက်ထဲက ဖျော်ရည်ကိုယူပြီး လန်ကျန့် ကိုတိုက်လိုက်သည်
" မသောက်ချင်ဘူး "
" သောက်ရမယ် ငါ့ကိုချစ်ရင် ငါကျွေးတာမှန်သမျှ ဘာမှမငြင်းရဘူး "
ဝေ့ရင်းပြောတော့ လန်ကျန့်ခေါင်းညိတ်ပြီး သောက်လိုက်သည်
"တော်တယ်...မင်းအရမ်းတော်တယ် "
ဖျော်ရည်သောက်ပြီးတာနဲ့ လန်ကျန့်မျက်နှာ ပန်းရောင်သန်းလာပြီး စိုပြေလာသည်
"အပြင်ထွက်ရအောင် လန်ကျန့် '
ရာသီဥတုအေးပြီး နေရောင်မထွက်ပေမဲ့ ပျော်မြူးနေတဲ့ လန်ကျန့် မျက်နှာကတော့ အရောင်တောက်နေသည် ပျော်မြူးနေတဲ့ လန်ကျန့် ကို သူယူလာတော့ ကင်မရာနဲ့ရိုက်ဖို့ချိန်နေစဉ် လန်ကျန့် နောက်က ဝံပုလွေတစ်ကောင်ကို ဝေ့ရင်းတွေ့သွားပြီး လန့်သွားသည် ဝံပုလွေက လန်ကျန့် ကိုခုန်အုပ်ဖို့ချောင်းနေသည်
" လန်ကျန့် ! သတိထား နောက်မှာ ''
ကျွန်တော်အော်လိုက်တော့ လန်ကျန့် သူကိုခုန်အုပ်တဲ့ ဝံပုလွေကိုး ရှောင်လိုက်ပြီး မျက်လုံးအရောင်နီရဲလာကာ ရှည်ထွက်လာတဲ့ သူလက်သည်းနဲ့ ပြန်တိုက်ခိုက်နေသည် နောက်ဆုံး လန်ကျန့် ဒါသကြီးစွာ ဝံပုလွေရဲ့နှလုံးတည့်တည့်ကိုး သူလက်သည်းနဲ့ထိုးဖောက်လိုက်သည် ဝံပုလွေရဲ့နှလုံးက လန်ကျန့်လက်ထဲတွင် ပါလာသည်
" လန်ကျန့် စိတ်လျှော့..သတိထားပါအုန်း ဒေါသလျှော့လိုက်ပါတော့ ''
ကျွန်တော်ပြောတော့ သူမျက်လုံး အနီမှအနက်သို့ အရောင်ပြောင်းသွားပြီ လက်ထဲက နှလုံးကိုး ပစ်ချလိုက်ပြီး ကျွန်တော်ကိုး ဖတ်ထားသည် ကျွန်တော်လည်းပြန်ဖက်လိုက်ပြီး
" ဘာမှမဖြစ်တော့ဘူး လန်ကျန့် ''
" ဝေ့ရင်း ငါက မကောင်းဆိုးဝါးလားဟင်
ငါကမိစ္ဆာလား ငါကရွံ့စရာသတ္တဝါလား ''"တစ်ခုမှ မဟုတ်ပါဘူး လန်ကျန့်..မင်းက မကောင်းဆိုးဝါးမှလည်း မဟုတ်သလို့ မကောင်းတဲ့အကောင်လည်းမဟုတ်ပါဘူး ''
" ဒါဆို ဘာကြောင့် ကြောက်စရာ ကောင်းအောင်
ငါ့နားရွက်တွေရှည်ထွက်လာပြီး ရုပ်ဆိုးတဲ့မျက်နှာဖြစ်သွားရတာလဲ ''"အဲ့ဒါ...အဲ့ဒါက မမေးပါနဲ့လား လန်ကျန့် ... ဘာဘဲဖြစ်နေနေ မင်းကိုငါအရမ်းချစ်တယ် "
"ငါလည်း မင်းကိုချစ်တယ် ''
လန်ကျန့် ဝေ့ရင်းကျောပေါ်မှာပဲ သတိလစ်သွားသည်
" လန်ကျန့်!...လန်ကျန့်!!! "
