အပိုင်း ၆
ရုတ်တရက် လန်ကျန့်ကျွန်တော်ကိုယ့်ကိုမပြီး
သူကျော်ပေါ်တင်လိုက်သည်။
ကုန်းပိုးထားတဲ့အနေအထားဖြစ်သွားပြီး
သစ်ပင်ထိပ်ဖျားပေါ်တက်သွားတယ် အောက်ကနေကျားက အပေါ်ကို လှမ်းပြီး မန်ဖီးနေတယ်"လည်ပင်းကိုး မြဲနေအောင်ဖက်ထားနော် ဝေ့ရင်း"
" အင်း လန်ကျန့် "
လန်ကျန့် သစ်ပင်တစ်ပင်ကနေ တစ်ပင်လှမ်းခုန်ပြီး ကူးသန်းနေသည်။ ကျားလည်း ဘယ်လို့မှ ဆက်မလိုက်နိုင်တော့ လန်ကျန့် အောက်ကိုဆင်းလိုက်သည်
အောက်ရောက်တော့ ကြည့်လိုက်တော့ အရမ်းလှတဲ့ ပန်းခင်းလမ်းဖြစ်နေတယ် လန်ကျန့် ချက်ခြင်းပြုံးလိုက်ပြီး ပန်းခင်းပေါ်လှဲချလိုက်သည်။"လန်ကျန့် ဒီမှာနားမှာလား
အစောန ကျားနှောက်ယှက်လို့ မနားရဘူးဆိုတော့ ''" ငါဘေးမှာ လာလှဲနေ ''
" အင်း လန်ကျန့်''
ဝေ့ရင်းပျော်ရွှင်စွာ လန်ကျန့် နားမှာ လှဲလိုက်ပြီး လန်ကျန့် ရှီရာဘက်ကို ခန္ဓာကိုယ့်စောင်းလိုက်ပြီး
လန်ကျန့်မျက်နှာကို တစ်ဝကြီး ကြည့်နေမိသည်။" အရမ်းချစ်တယ် လန်ကျန့် ''
" ငါလည်း မင်းကို ချစ်တယ် ''
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
ပြုံးလိုက်မိသည်။'' အာ အာ ''
ကျွန်တော်တို့ဆီ တရှိုန်ထိုးပျံသန်းလာနေတဲ့ ငှက်ဆိုးများ ကျီးကန်းများ ကျွန်တော် ချက်ခြင်းထလိုက်ပြီး လန်ကျန့် လက်ကိုဆွဲကာ ပြေးတော့သည်။ ကျီးကန်းတွေက နှုတ်သီးနဲ့ လန်ကျန့် ကို ထိုးနေသည်။ ကျွန်တော် လန်ကျန့် ကိုယ့်ပေါ်ကနေ မိုးပေးတော့ ကျီးကန်းတွေ ကျွန်တော်ကို ထိုးသွပ်နေသည်
နာကျင်မှုကို မခံနိုင်တဲ့အဆုံး
ကျွန်တော်မေ့လဲသွားသည်။"ဝေ့ရင်း...ဝေ့ရင်း "
ဝေ့ရင်း မေ့လဲသွားတာနဲ့ ကျွန်တော်စိတ်တွေ အရမ်းတိုလာသည်။ အဲ့ဒါနဲ့မျက်လုံးနီလာကာ ငှက်ဆိုးတွေကိုကြည့်ပြီး အော်လိုက်သည် ငှက်တွေချက်ချင်း ပျံပြီး ထွက်ပြေးသွားသည် ကျွန်တော့်လည်း အားနည်းပြီး ခန္ဓာကိုယ်ယိုင်သွားကာ ဝေ့ရင်းနားလဲကျသွားသည်
" လန်ကျန့်..လန်ကျန့် "
လန်ကျန့်သတိရလာတော့ သူကိုစိုးရိမ်စွာ ကြည့်နေတဲ့ ဝေ့ရင်းကိုတွေ့တာနဲ ချက်ခြင်းထထိုင်ပြီး ဝေ့ရင်းကိုဖက်လိုက်သည်။
" မင်းဘာမှမဖြစ်ဘူးနော် "
" ဘာမှမဖြစ်ဘူး ငါလန့်ပြီးခဏအိပ်သွားတာပါ "
" မဟုတ်ဘူး မင်းမေ့သွားတာ "
" မေ့တာမဟုတ်ဘူး အိပ်သွားတာပါဆို "
လန်ကျန့်စိတ်မပူအောင် သူပြောလိုက်သည်
" ငါကမိစ္ဆာတစ်ကောင်ပဲဝေ့ရင်း အဲ့ဒါကြောင့် ကျားတွေရော ငှက်မိစ္ဆာတွေရော ငါနောက်လိုက်နေတာ "
" မဟုတ်ပါဘူး မင်းကမိစ္ဆာမဟုတ်ပါဘူး "
"အိမ်ပြန်ရအောင် မင်းကိုအိမ်လိုက်ပို့မယ် "
" ဘာတွေတွေးနေတာလဲ လန်ကျန့်.
.ဘာမှလျှောက်မတွေးနဲ့နော် "လန်ကျန့်ဘာမှမပြောတော့ပဲ ကျွန်တော့်ကိုယ့်ကို ပေါ့ပါးစွာမကာ သူကျောပေါ်တင်လိုက်ပြီး ကုန်းပိုးထားသည်
" လန်ကျန့် မင်းဘာမှမတွေးနဲ့နော် "
လမ်းလျှောက်နေတဲ့ လန်ကျန့်ကို သူကျောပေါ်ကနေပြီး တမ်းလမ်းလုံးစကားပြောနေပေမဲ့ လန်ကျန်က တစ်ခွန်းမှ ပြန်မပြောပေ။