အပိုင်း ၇
" လန်ကျန့်!.."
" နိုးပြီလား ဝေ့ရင်း "
နိုးနိုးချင်းကြည့်လိုက်တော့ အိမ်ကိုပြန်ရောက်နေပြီး ဝမ်နင်ကိုပဲတွေ့ရသည်။
" လန်ကျန့်ရော့ လန်ကျန့် ဘယ်မှာလဲ ''
" ငါဒီအိမ်ပြန်လာတော့ မင်းတို့မရှီတော့ဘူး
ငါစိုးရိမ်နေတာ ငါအိမ်မှာသန့်ရှင်းရေးလုပ်နေတုန်း
လန်ကျန့် မင်းကို ကုန်ပိုးပြီးပြန်လာတယ် မင်းကို ပြုစုဖို့ ငါကိုပြောတယ် ပြီးတော့ သူကိုမရှာနဲ့တော့တဲ့ မင်းသူနဲ့နေရင် အန္တရာယ်များလို့တဲ့ ''" အဲ့ဒါဆို လန်ကျန်..သူ ထွက်သွားပြီပေါ့ မင်းက.. မင်းက ဘာလိုမတားတာလဲ ''
"လန်ကျန့် လို လျှင်မြန်ဖျတ်လတ်တဲ့
မြေခွေးတစ်ကောင်ကို ငါတားလို့ရမလား ''"'ဘာ!!..မြေခွေးဟုတ်လား မင်းမို့လို့ပြောထွက်ရက်တယ် ဘာမြေခွေးလဲ ''
ဝမ်နင် လက်နှစ်ဖက်နဲ့ ဝေ့ရင်း ပုခုံးကိုကိုင်ပြီး
" သတိထားစမ်းပါ အရူးရဲ့ မင်းရဲ့လုပ်ရက်က ကိုယ့်ကိုကိုယ့်ညာနေတဲ့အပြင် လန်ကျန့် ကိုပါ မင်းညာနေခဲ့တာ မင်းရဲဘဝက လန်ကျန့်နဲ့ စတွေ့ကတည်းက မှောင်မိုက်နေတာ မြို့ထဲကနေ ဒီလိုတောထဲကို ပြောင်းလာပြီး မင်းဘဝကို ဘယ်လိုဖုန်းကွယ်ကွယ် ဘယ်လောက်ပဲ မင်း လန်ကျန့်ကိုလိမ်ညာနေနေ တနေ့လန်ကျန့်သူဘဝအမှန်ကို သိလာမှာပဲ
မင်းဘယ်လောက်ကြိုးစားစား လန်ကျန့် က
လူမဖြစ်လာနိုင်ဘူး '''' မဟုတ်ဘူး ဝမ်နင် ငါမှာကတိတစ်ခုရှီတယ် ''
" ဘာကတိလဲ ''
'' ငါပြောလို့မဖြစ်ဘူး ''
လွန်ခဲ့တဲ့ ငါးနှစ်က သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ရင်း တောထဲက ဂူလေးထဲမှာ လူသားမြေခွေးအိုကို တွေ့ခဲ့တယ်
သူပြောတာက သူကိုတွေ့ခဲ့တာ ဘယ်သူမှမပြောနဲ့တဲ့ ဆယ်နှစ်အတွင်းဘယ်သူမှမပြောဖူးဆိုရင် မင်းချစ်တဲ့သူဟာ တိရစ္ဆာန် , မကောင်းဆိုးဝါး , မိစ္ဆာ ဖြစ်နေမယ်ဆိုရင်တောင် ကတိတည်ရင် သူက လူသား ဖြစ်သွားမယ်တဲ့ အဲ့ဒီနောက်ပိုင်း တောထဲမှာမေ့မျောနေတဲ့ လန်ကျန့်ကို သူတွေ့ခဲတယ် လူသားအထင်နဲ အိမ်ခေါ်လာခဲ့တယ် ဘာတစ်ခုမှ မမှတ်မိတော့တဲ့ လန်ကျန့် ကို သူ သံယောဇဉ်တွယ်လာသလို ပြောင်းလဲလာတဲ့ သူစရိုက်ကြောင့် သူက လူမဟုတ်ဘူးဆိုတာ သိခဲ့ရတယ် လန်ကျန့်ကို တွယ်တာပြီး မစွန့်ပစ်နိုင်လို့ တောထဲမှာလာနေခဲ့တယ် မြေခွေးလူသားပြောတဲ့ စကားကိုကြားယောင်ပြီး ဆယ်နှစ်လုံးလုံး သူသာကတိတည်ခဲ့ရင် တနေ့ လန်ကျန့်ဟာ လူဖြစ်သွားမှာပါ ယုံကြည့်တယ် လန်ကျန့်...ငါအချစ်က စစ်မှန်လို ယုံကြည့်တယ် တနေ့ လန်ကျန့်ဟာ လူသားတစ်ယောက် ဖြစ်လာမယ်လို့......