အပိုင်း ၄
ဝေ့ရင်း ရွာဘက်ထွက်လာတော့
ရွာသားတစ်ဦးကိုတွေ့ပြီးမေးလိုက်သည်။"ညီလေး ဒီမှာ အသားရောင်းတဲ့ အိမ်ရှီလား ''
'' ဒီရွာက ငါးပဲစားတာ အသားတွေမရှီဘူးဗျ ''
"အဲ့ဒါဆို နွားရောရှီလား ''
"ရှီတယ်ဗျ ဒီရွာက လယ်စိုက်တော့
နွားက ကျေးဇူးရှင်ပဲ ''"ဟုတ်ကဲ့ ကျေးဇူးပါဗျ ''
ဝေ့ရင်း ရွာထဲဝင်လာခဲ့သည် နွားတွေတွေ့သည်။ ဒါပေမဲ့ ဘယ်နွားရှင်ကမှ သူတို့နွားကို သတ်ဖို့ရောင်းမှာမဟုတ်ဘူး သူလိမ်ပြီးဝယ်ရမှာပဲ အိမ်တစ်အိမ်အရောက် သူကို့ထွက်တွေ့တဲ့ရွာသားကို
"ကျွန်တော် ဟိုဘက်ရွာကဗျ ကျွန်တော့်ကို နွားတစ်ကောင်လောက်ရောင်းပါ ကျွန်တော်လယ်အတွက် အရမ်းလိုအပ်လို့ပါဗျ ''
" ကျွန်တော်မရောင်းချင်ဘူး ဒီနွားတွေက
ကျွန်တော့်သားသမီးတွေလိုပဲ ''"ကူညီပါဗျ ကျွန်တော်တောင်းပန်ပါတယ် ''
ဝေ့ရင်း ဘောင်းဘီအိတ်ထဲက ပိုက်ဆံကိုပေးပြီးတောင်းဆိုလိုက်သည်
"မရောင်းဘူးဗျ ပြန်ပါတော့ ''
ဝေ့ရင်း နွားကို အသည်းအသန်လိုအပ်နေတာကြောင့် သူလက်စွပ်နဲ့လက်ကောက်ကိုချွတ်ပြီး ထပ်တောင်းဆိုလိုက်သည်။
" ကူညီပါဗျ အရမ်းလိုအပ်နေလို့ပါ ''
ပေးတဲ့ပစ္စည်းက တန်ဖိုးများတာကြောင့်
ရွာသားက အင်တင်တင်မလုပ်တော့ပဲ
လက်ခံလိုက်သည်။"ကောင်းပါပြီ ယူသွားပါ ''
ဝေ့ရင်း အရမ်းဝမ်းသာသွားကာ နွားကိုဆွဲလာသည် ပြီးတော့ သူသားသတ်ရုံကိုး လိုက်ရှာနေလိုက်သည် အချိန်က မှောင်တော့မှာ လန်ကျန့်ကို စိတ်မချလို့ သူ မြန်မြန် သားသတ်ရုံကို လိုက်ရှာတော့ ကံကောင်းစွာပင် ရွာပြင်မှာတွေ့သွားသည်။
"ဒီနွားကို သတ်ပေးပါ နွားတစ်ကောင်လုံးခင်ဗျားကိုပေးမယ် အဲ့ဒီထဲက အသဲသာ ကျွန်တော်ကိုထုတ်ပေးပါ ''
သားသတ်သမား - "ထူးဆန်းလိုက်တာ ဘာကြောင့်အသဲကိုလိုချင်တာလဲ ''
"မမေးပါနဲ့ဗျာ မြန်မြန်ထုတ်ပေးပါ
ခင်ဗျားကိုနွားတစ်ကောင်လုံးပေးထားတာပဲ ''သားသတ်သမား - "ဟုတ်ပါပြီကောင်လေး ငါထုတ်ပေးပါမယ် ''
သားသတ်သမားနွားကိုသတ်တဲ့အချိန်
နွားအော်သံကြောင့် ကျွန်တော် အပြစ်လုပ်မိသလို့ ခံစားနေရသည်။ ဒါပေမဲ့ လန်ကျန့်အတွက်ဆို ငရဲပြည်ရောက်လည်းရောက်ပါစေ ကျွန်တော်ကျေနပ်ပါတယ်သားသတ်သမား - "ရော့ လူလေးမင်းလိုချင်တဲ့ အသဲ ''
"ကျေးဇူး''
ဝေရင်း နွားအသည်းကိုယူပြီး လန်ကျန့် ဆီ မြန်မြန် ပြန်လာလိုက်သည်။ လန်ကျန့် မနိုးခင် မြန်မြန်ပြန်ရောက်ချင်သည် လမ်းမှာ သူ လမ်းလျှောက်မနေတော့ပဲ
မြန်မြန်ပြေးလာလိုက်သည် ရေတံခွန်နားရောက်တော့ လန်ကျန့် ကို ထားခဲ့တဲ့နေရာမှာ လန်ကျန့် ကိုမတွေ့တော့ပေ ဘယ်ရောက်သွားတာလဲ" လန်ကျန့် !!! "
![](https://img.wattpad.com/cover/198316893-288-k609951.jpg)