Part 10
ဝမ်နင် စိုးရိမ်ပူပန်ပြီး ဝေ့ရင်းကိုစောင့်နေစဉ် အိမ်တံခါးဝတွင် ဝုန်းကနဲ့ လဲသံအကြား ပြေးကြည့်လိုက်တော့ ဒဏ်ရာပလပွနဲ့ ဝေ့ရင်း
" ဝေ့ရင်း..ဝေ့ရင်း.. "
"ငါ့မသုံးမကျဘူး..ယုန်နှစ်ကောင်ပဲရလာတယ် ဝံပုလွေနဲ့ငါတိုက်ခိုက်ခဲ့တယ် အဲ့ဝံပုလွေ သူဒဏ်ရာရတော့ ငါ့ကိုသဲကြီးမဲကြီး တိုက်ခိုက်ပြီ ပြေးသွားတယ် "
" မင်းခန္ဓာကိုယ်တစ်ခုလုံးနဲ့ ကုပ်ဖဲ့ရာတွေနဲ့ "
ဝေ့ရင်းကို သေချာကြည့်လိုက်တော့ ဗိုက်ကသွေးထွက်လွန်နေသည်။
" ဝေ့ရင်း..မင်း "
ဝမ်နင် ဝေ့ရင်းကို စိုးရိမ်လွန်နေတုန်း
" ဝေ့ရင်း! "
" လန်ကျန့်" "
လန်ကျန့် နိုးလာပြီး ဝေ့ရင်းအဖြစ်ကို ကြည့်ကာ တိတ်လန့်သွားပြီး ဝေ့ရင်းကိုပွေ့ ချီကာ ကုတင်ပေါ်တင်လိုက်သည်။
" ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ ဝေ့ရင်း "
" ဘာမှမဖြစ်ဘူး "
ဝေ့ရင်း သူပါးကို လက်နဲ့ကိုင်ကာ ဘာမှမဖြစ်ဘူး ပြောနေသည် ဒီလောက်နာကျင်နေတာတောင် ဘာမှမဖြစ်ဘူးတဲ့လား
" မင်းဗိုက်က သွေးတွေ...မြို့ကဆေးရုံပို့မှဖြစ်မယ် ဝမ်နင် "
စိတ်ပူလွန်းပြီ လန်ကျန့်နားရွက်တွေရှည်လာသည် လန်ကျန့်အားနည်းပြီး သွင်ပြင်ပြောင်းတော့မှာ ဖြစ်သည်
"ဘယ်မှမသွားဘူး..ဝမ်နင်..လန်ကျန့်ကိုယုန်သွေးတိုက်ပေး..."
" ဝေ့ရင်း! "
ဝေ့ရင်းကိုပွေ့ ချီးပြီး အပြင်ထွက်မလို့အလုပ် ဝေ့ရင်းလက်အောက်ကျသွားပြီး ငြိမ်ကျသွားသည် ဝမ်နင်စိုးရိမ်ပြီး ဝေ့ရင်းကိုစမ်းသပ်လိုက်တော့ အလွန်တိတ်လန့်သွားကာ
"အသက်မရှီတော့ဘူး...ဝေ့ရင်းအသက်မရှီတော့ဘူး လန်ကျန့် "
" မဖြစ်နိုင်ဘူး.. မဖြစ်နိုင်လောက်ဘူး "
လန်ကျန့် ဝေ့ရင်းကိုကုတင်ပေါ်တင်ကာ နိူးနေမိသည်
" ဝေ့ရင်း...ဝေ့ရင်း...မင်းမသေရဘူး "