Part 2
အိမ်တံခါးခေါက်သံကြားလို့ သွားဖွင့်လိုက်တော့ အထုပ်အပိုးများစွာနဲ့ ဝမ်နင်းရောက်လာသည်။
" မင်းမှာတာ အကုန်ပါတယ် ရိက္ခာအပြည့်အစုံပဲ ''
"နွားအသည်းရော့ပါလား ''
"ဟာ ဒုက္ခပဲ...ငါမပါခဲ့ဘူး ''
ဝမ်နင်းခေါင်းကုတ်လိုက်သည်။
"မင်းကတော့ကွာ လုပ်ပြီ ဒီရိက္ခာတွေထက်လိုအပ်တာ နွားအသည်းပဲ အဲ့ဒါကိုး တစ်လတစ်ကြိမ်မှ မစားရရင် လန်ကျန့် ဘယ်လိုလုပ်မလဲ မင်းကွာ "
" မြို့ထဲသွားဖို့က မမှီတော့ဘူး
ဒီနားက ရွာမှာ ငါသွားရှာလိုက်မယ် ''" မြန်မြန်လုပ် ဒီနေ့မှ လန်ကျန့်
အဲ့ဒါမစားရရင် အရမ်းကြောက်စရာကောင်းတဲ့
သွင်ပြင်ပြောင်းသွားလိမ့်မယ် ''ဝမ်နင်အိမ်က ထွက်သွားသွားခြင်း ဝေ့ရင်းအခန်းထဲဝင်တော့ လန်ကျန့် မှန်ရှေ့မှာထိုင်နေသည် ဒီနေ့ မှန်တွေသိမ်းဖို့ ကျွန်တော်မေ့သွားတာပဲ
" လန်ကျန့် မှန်ကိုဘာကြောင့်
အကြာကြီးကြည့်နေတာလဲ ''"ဝေ့ရင်း ငါမျက်နှာက အခုတော့ လူအတိုင်းပဲနော် ''
"ဘာတွေပြောနေတာလဲ အခုမင်း မျက်နှာက
အရမ်းဖြူစင်ပြီး ချစ်စရာကောင်းတယ် ''" တကယ်လား ''
"တကယ်ပေါ့ ''
"ငါ ဒီတောထဲမှာမနေချင်တော့ဘူး ဝေ့ရင်း ငါလူတွေနဲ့နေချင်တယ် မင်းပြောတော့ ငါကလူဆို ချစ်စရာကောင်းတဲ့လူဆို အဲ့ဒါဆိုဘာကြောင့် ငါကို တောထဲမှာ ထားတာလဲ လူတွေကြားထဲသွားနေရအောင်လေ ''
"မဖြစ်ဘူး လန်ကျန့် ဒီမှာပဲနေရအောင်ပါ လန်ကျန် ရယ် မင်းကို အရမ်းချစ်တဲ့ ကျွန်တော်နဲ့ပဲ ဒီလို့
တစ်သက်လုံးနေရအောင်နော် ''အသနားခံတဲ့ ဝေ့ရင်း မျက်နှာကြည့်ပြီး အရင်တုန်းက အကြောင်းကိုး ကျွန်တော်စဉ်းစားနေသည်။ ဘာမှ စဉ်းစားလို့မရပဲ ခေါင်းကိုက်လာသည်။
"ဘာဖြစ်တာလဲ ခေါင်းကိုက်လို့လား ''
"အင်း "
ဝေ့ရင်းမျက်နှာကို ကောင်းကောင်းမမြင်ရပဲ ဝေ့ဝါးလာသည်။
" ငါဘာမှမမြင်ရတော့ဘူး "
ဝေ့ရင်းကလန်ကျန့်ကိုပွေ့ပြီး ကုတင်ပေါ်မှာလှဲစေလိုက်သည်။
ဒီနေ့ လန်ကျန့်ရဲ့အားအနည်းဆုံးအချိန်ဖြစ်တယ်
"ဝေ့ရင်း "
"ငါ ဒီမှာရှီတယ် "
လန်ကျန့်လက်ကို ကိုင်ထားပြီး အသံပေးလိုက်သည်
" မင်းကိုနမ်းချင်တယ် "
ဝေ့ရင်း လန်ကျန့်မျက်နှာနား ငုံလိုက်ပြီး သူနှုတ်ခမ်းကို လန်ကျန့်နှူတ်ခမ်းနဲ့ ထိလိုက်တာနဲ့ လန်ကျန့်သူကို အငမ်းမရစုပ်နမ်းနေသည် သူနှုတ်ခမ်း ပေါက်ထွက်တဲ့ထိ နမ်းပြီး သွေးထွက်သွားတော့ လန်ကျန့်သွေးနံရတာနဲ့
" သွားတော့!..ငါ့နားမှာမနေနဲ့ "
ဝေ့ရင်း လန်ကျန့်နှုတ်ခမ်းကိုပြန်စုပ်နမ်းလိုက်သည် လန်ကျန့် နှုတ်ခမ်းကထွက်နေတဲ့ သွေးကို စုပ်လိုက်သည်
" ငါ့မင်းကိုအရမ်းချစ်တယ် အဲ့တာကြောင့် မင်းဆန္ဒရှီသလို ငါအသွေးအသားကို သုံးဆောင်လို့ရတယ် ငါ့မနာကျင်ဘူး လန်ကျန့် "
" ဝေ့ရင်း ငါ့..."
လန်ကျန့်နှုတ်ခမ်းကို သူလက်နဲ့ထိပြီး
" မပြောနဲ့တော့ တစ်ရေးလောက်အိပ်လိုက် အိပ်ရာကထရင် မင်းအတွက် အားဆေးစီစဉ်ထားတယ်
အဲ့တာကျွေးမယ် "" အဲ့တာစားမှ ငါ့မျက်လုံး ပြန်မြင်မှာလား "
" အင်း...မျက်စီမှိတ်လိုက်တော့ "
လန်ကျန့်မျက်စီမှိတ်ပြီး အိပ်ပျော်သွားသည်။
🌳🌳🌳🌳🌳🌳🌳
တောအုပ်ရဲ့ တစ်ဖတ်ကန်းမှာ
"သတင်းထူးတယ် ဆရာ ''
" ဘာသတင်းထူးတာလဲ ''
" မြူဆိုင်းနေတဲ့ တောအုပ်မှာ မကောင်းဆိုးဝါးတစ်ကောင်ရှီတယ် ဝံပုလွေအသေကိုတွေ့တယ် နှလုံးကို ထုတ်ချင်းဖောက်ထုတ်ခံရတာ ကဝေတစ်ကောင်လို့ ထင်တယ် ''
" ဘယ် မိစ္ဆာ မှ ငါလက်ထဲက မလွှတ်စေရဘူး မိစ္ဆာ ဖမ်းရမဲ့တာဝန်က ငါတာဝန်ပဲ ''
ရှောင်ကန်းကျိန်းဝါးလိုက်သည်
ဒီနေ့က အချိန်ကောင်းပဲ ဒီနေ့လိုနေ့မျိုးဟာ ကဝေတွေ အားအနည်းဆုံး အချိန်ပဲ ငါလက်ထဲမှာ သေဖို့သာ ပြင်ပေတော့ ကဝေလေးရေ