အပိုင်း ၃
အခုထိ ဝမ်နင်း ကလည်း ပြန်မလာသေးဘူး
လန်ကျန့် အားနည်းလို့နှုတ်ခမ်းတွေ ဖြူဖတ်နေပြီဖြစ်သည်။ ကျွန်တော် ရေနွေးဝတ်နဲ့ လန်ကျန့်နဖူးကို အုပ်ပေးရင် စိတ်ထဲပူလောင်နေမိသည်။" လန်ကျန့်! အဆင်ပြေရဲ့လား
နေသာရဲ့လားဟင်"" အင်... ဟင်း ''
ဝေ့ရင်း လန်ကျန့်လက်ကိုကိုင်ပြီး စိတ်ပူနေချိန်မှာ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ဝင်လာတဲ့ လူတစ်ယောက်
" ခင်ဗျား ပျံနိုင်တယ်
ခင်ဗျားကဘယ်သူလဲ မကောင်းဆိုးဝါးလား ''" ဟား ဟား ဟား မကောင်းဆိုးဝါးကောင်နဲ့
အတူနေနေတဲ့ကောင်က ငါကို ပြန်မေးနေသေးတယ် ''ရှောင်ကန်ကလန်ကျန့် ကို ကြည့်ဖို့ ကုတင်နားတိုးကပ်လာတော့အခါ ဝေ့ရင်း လက်နှစ်ဖက်ဆန့်ပြီး ရှေ့ကကာပြီး ကာကွယ်လိုက်သည်။
" ခင်ဗျား ဘာလုပ်မလို့လဲ ''
" ဖယ်စမ်းကောင်လေး ငါမင်းကို ဘာမှမလုပ်ချင်ဘူး သူကမကောင်းဆိုးဝါး သူကိုသတ်ပစ်မှရမယ် ''
အပြောကြမ်းတဲ့ထိုလူကို ဝေ့ရင်းလက်နှစ်ဖတ်နဲ့
တွန်းပစ်လိုက်ပြီး"' ဘာဗျ ဒါကျွန်တော့်ရဲ့လူ
မိစ္ဆာမဟုတ်ဘူး မကောင်းဆိုးဝါးမဟုတ်ဘူး''"မင်းရူးနေပြီ သူကကြောက်ဖို့ကောင်းတဲ့မိစ္ဆာ
သူကိုမသတ်ရင် လူတွေ ဒုက္ခရောက်လိမ့်မယ် ''ရှောင်ကန် ကုတင်နား ထပ်ပြီးကပ်လာတော့ကြောင့် ဝေ့ရင်း အတင်းတွန်းလွှတ်သည် ရှောင်ကန်လည်း အားသုံးကာ ထိုလူသားကို လွှတ်ပစ်လိုက်သည်။
"အား!! "
နာကျင်စွာအော်လိုက်တဲ့ ဝေ့ရင်းအသံအကြား
လန်ကျန့် မျက်စီဖွင့်လာပြီး ရှောင်ကန်ကို ကိုခုန်အုပ်လိုက်သည်။ ရှောင်ကန်လည်း
စီရင်ထားတဲ့တုတ်ကို ထုပ်ကာ လန်ကျန့် ကို ရိုက်ချလိုက်သည် လန်ကျန့် ထိသွားပြီး လဲကျသွားသည်။" လန်ကျန့် ထွက်ပြေးပါတော့
အခုချိန် သူကို မင်းမနိုင်ဘူး ထွက်ပြေးတော့
လန်ကျန့် ''လန်ကျန့်လဲကျရာကပြန်ထလာပြီး ဒေါသကြောင့်
နီရဲစွာပြောင်းသွားတဲ့မျက်လုံးက အရောင်တောက်က လက်သည်းချွန်တွေထွက်လာပြီး နားရွက်တွေလည်းရှည်လာသည်။"မင်းက ကြောက်စရာကောင်းတဲ့မိစ္ဆာပဲ
မြေခွေးမိစ္ဆာကောင် ငါလက်နဲ့သေပေတော့ ''ရှောင်ကန်ကအားကုန်တိုက်ခိုက်တာကိုး
လန်ကျန့်ရှောင်ရင်း ရှောင်ကန် ခန္ဓာကိုယ့်ကို မပြီးပစ်ချလိုက်သည်။ အားကနည်းနေတော့ကြောင့် သိပ်မထိခိုက်ပဲ ရှောင်ကျန်ချက်ခြင်း ပြန်ထလာနိုင်သည် ပြန်ထလာတဲ့ ရှောင်ကန်ကို လန်ကျန့် ဆွဲပြီး အဝေးသို့ထပ်ပစ်လိုက်သည် ပြီးတော့ ဝေ့ရင်းကို မချီကာ ပြတင်းပေါက်ကနေ ပျံသန်းလာခဲ့သည် ရှောင်ကန် ပြန်ထပြီး လိုက်လာခဲ့ပေမဲ့ မျက်ခြေဖျက်နိုင်ခဲ့သည်။ ပျံသန်းလာရင်း ရေတံခွန်နားရောက်တော့ သူအောက်ဆင်းလိုက်သည် ဝေ့ရင်းကိုချပေးပြီး သူပါလဲသွားသည်။"လန်ကျန့် !!...လန်ကျန့် ထပါ ''
လန်ကျန့်ကိုမပြီး ရေတံခွန်နားက သစ်ပင်ကိုမှီပြီး လန်ကျန့် ခေါင်းကို သူပေါင်ပေါ်ခေါင်းပြုပြီး
လှဲစေလိုက်သည်။ လန်ကျန်ရဲ့နားရွက် ရှည်နေသေးတယ် မပျောက်သေးဘူး လက်သည်းခြေတွေရော ဘာလို့လူလို့ပြန်မပြောင်းသေးတာလဲ လန်ကျန့် နိုးလာလို့ သူပုံစံကို မြင်ရင် စိတ်ထိခိုက်နိုင်သည်။ လန်ကျန့်ပုံစံပြန်ပြောင်းဖို့ နွားအသည်းလိုသည်။ဟုတ်တယ် ဒီနားကရွာမှာ နွားအသည်းသွားရှာရမယ် သူအပေါ်အင်္ကျီချွတ်ပြီး လန်ကျန့် အတွက်ခေါင်းအုန်းလုပ်ပေးလိုက်သည်။ ကြီးမားတဲ့ အပင်က သစ်ကိုင်းကိုချိုးရမယ် လက်နဲ့ချိုးတာကြောင့် သစ်ကိုင်းကြီးက လွယ်လွယ်နဲ့ချိုးမရပေ သူလက်တွေတောင် ပေါက်ပြဲကုန်သည် ပေါက်ပြဲပါစေ သူရအောင် အစွမ်းကုန်ချိုးလိုက်သည်။ နောက်ဆုံးတော့ ကြီးမားတဲ့ သစ်ကိုင်းအခတ်ကိုရပြီ လန်ကျန့် ရဲ့ ခန္တာကိုယ့်ပေါ် သစ်ကိုင်း မိုးပြီးတင်လိုက်သည် ဒီလိုဆို လန်ကျန့်ကို ဘယ်သူမှ မမြင်နိုင်တော့ဘူး လန်ကျန့် ကို လုံခြုံအောင်ဖွက်ထားခဲ့ပြီး သူရွာဘက် နွားအသည်းရှာရန်ထွက်လာခဲ့လိုက်သည်။