အပိုင်း ၅
Lan Zhan Pov:
ကျွန်တော်နိုးလာတော့ ကျွန်တော်ပေါ်မှာ သစ်ကိုင်းမိုးထားသည် သစ်ကိုင်းကိုဖယ်ပြီး ဘေးကိုကြည့်လိုက်တော့ ဝေ့ရင်းကိုမတွေ့ပေ ပြီးတော့ သူလက်ကိုကြည့်လိုက်တော့ အမွေးတွေနဲ့ ရှည်လျှားတဲ့ လက်သည်း နားကိုကိုင်ကြည့်တော့ နားရွက်ရှည်တွေ အခုသူဘာရုပ်ပေါက်နေတာလဲ ဝေ့ရင်းကရော့ ကျွန်တော်ကို ပစ်ထားသွားပြီးလား ကျွန်တော်က ဘာကောင်လဲ မကောင်းဆိုးဝါးလား ဟိုလူကြီးပြောသလို မြေခွေးမိစ္ဆာ လား အဲ့ဒါကြောင့် ဝေ့ရင်းကျွန်တော်နားက ထွက်ပြေးသွားတာလား
" ဝေ့ရင်း...ဝေ့ဝူရှန် "
ပြန်ထူးသံမကြားရတော့ဘူ ဒီအနီးနားမှာ ရှီရင်တောင် ကျွန်တော်ခေါ်တာကိုသူပြန်ထူးမှာ
" ဝေ့ရင်း..."
ထလိုက်တော့ ကျွန်တော် ခန္ဓာကိုယ့်ယိုင်သွားသည် ဘာလို့ဒီလောက်အားနည်းတာလဲ နုံးချည့်ပြီး မထချင်ပေမဲ့ ဝေ့ရင်းမရှီတော့ သူစိတ်ထဲမှ အားငယ်စိတ်ခံစားနေရသည်
" ဝေ့ရင်း ! ဘယ်မှာလဲ ငါကို ပစ်သွားပြီလား ပြန်လာခဲ့ပါ...ပြန်လာပါ'
ဝေ့ဝူရှန့်နာမည်ကို အော်ဟစ်ရှာနေမိသည်။
လန်ကျန်ါအားနည်းတဲ့ကိုယ့်နဲ့ ထွက်လာခဲ့သည်။ အားနည်းလို့ အကြိမ်ကြိမ် ပစ်ပစ်လဲသည်။
ဒါပေမဲ့ ကြိုးစားပြန်ထပြီး ရှာနေမိသည် ရှာရင်းရှာရင်း သူနာမည်ခေါ် သံကြားသည်"လန်ကျန့်...လန်ကျန့်! "
ဒါဝေ့ရင်းအသံပဲ သူအားနည်းတဲ့အသံနဲ့ ပြန်ထူးလိုက်သည်။
" ဝေ့ရင်း..."
တိုးလှတဲ့သူအသံကို အားမရဘူး သူအစွမ်းကုန် အော်ထည့်လိုက်သည်
" ဝေ့ရင်း!!"
လန်ကျန့် အသံကြားရသည် ဟိန်းပြီးထွက်လာတဲ့ လန်ကျန့် အသံဒီနားမှာပဲ ရှီတယ် သူလျှောက်ပတ်ကြည့်လိုက်တော့ အရမ်းတွေ့ချင်တဲ့ လန်ကျန့်ကိုတွေ့သည်
"ဝေ့ရင်း "
"လန်ကျန့် ဘယ်တွေလျှောက်သွားနေတာလဲ ကျွန်တော်စိုးရိမ်လွန်းလို့သေတော့မယ် ရင်တွေပူလောင်လွန်းလို့ ရင်ဘက်ပေါ် ဟင်းအိုးတည်လို့
ရနေပြီ ''
