အပိုင်း ၈
ဝမ်နင် Pov:
ဝေ့ရင်းတောထဲက ကန်ရေပြင်လေးမှာ ထိုင်နေတာ တနေ့ကုန်ရှီသွားပြီ ဘယ်လိုမှခေါ်လိုလည်းမရဘူး ညနေမှောင်လာပြီမို့လို့ သားရဲတိရစ္ဆာန်တွေနဲ့ တွေမှာကြောက်နေမိသည်။
" အိမ်ထဲဝင်ရအောင် ဝေ့ရင်း ''
"မဝင်ချင်သေးဘူး ကန်ရေပြင်လေးက ငြိမ်သက်ပြီး လှပသလို ကြာပန်းလေးတွေလည်း ပွင့်နေတယ် ပြီးရင် ပိုးစုန်းကြူးလေးတွေ ထွက်လာတော့မယ် ဒီနေရာက လန်ကျန့် အရမ်းကြိုက်တဲ့နေရာလေး
ပိုးစုန်းကြူလေးတွေထွက်လာရင် လန်ကျန့် ရောက်လာလိမ့်မယ် "" လန်ကျန့် ရောက်လာမှာမဟုတ်ပါဘူး
ပြန်ရအောင် "" ငါမပြန်ချင်ဘူးဝမ်နင်.. မင်းပြန်တော့ ''
" ဒီနေရာက သိပ်ကိုအန္တရာယ်များတယ်
ပြန်ရအောင် '"မပြန်ဘူးကွာ လန်ကျန့်ကိုစောင့်နေမယ် ''
" အဲ့ဒါဆိုလည်းမင်းသဘောပဲ
မင်းအေးနေတော့မယ် ငါအနွေးထည် သွားယူလိုက်အုန်းမယ် ''ခေါင်းမာလွန်းတဲ့ ဝေ့ရင်း အတွက် ပြောမရတဲ့ အတူတူ သူအတွက် အနွေးထည်ယူပြီး သူဘေးနာမှာစောင့်ပေးဖို့ပဲလိုသည်။
" လန်ကျန် မင်းဘယ်ရောက်နေလဲခါတိုင်း ငါ့ကိုအပျောက်မခံပဲ ငါမရှီရင် မင်းမနေတက်ဘူးလေကွာ "
ပိုးစုန်းကြူလေးတွေထွက်လာပြီ အရမ်းလှတာပဲ လန်ကျန့် ရှီရင်ဘယ်လောက်ပျော်ပြီး လိုက်ဖမ်းနေလိမ့်မလဲ
" လန်ကျန့်!!! "
သူအကျယ်ကြီး အော်ခေါ်လိုက်မိသည်။
"ငါခေါ်တာ ကြားလား ငါကိုထွက်တွေ့ပါ လန်ကျန့် ''
အသံကျယ်ကြီးနဲ့ လန်ကျန့်ကို အော်ခေါ်နေမိသည် ထိုစဉ် သူနားကို ချဉ်းကပ်လာတဲ့ ဝံပုလွေ တစ်ကောင် သူကိုခုန်အုပ်မလိုလုပ်တုန်း သူကြောက်ကြောက်နဲ့ မျက်စီမှိတ်ထားလိုက်သည်။
"မတိုက်ခိုက်ချင်ဘူး မင်းသေသွားလိမ့်မယ်
နောက် ဒီလူသားကို အန္တရာယ်မပေးနဲ့
ထွက်သွားတော့ ''