(Chap-2)

1.5K 70 2
                                    

"ဒူ ဒူ ဒူ ဒူ"
ယွန်းရဲ့ဖုန်းမြည်လာသည်။ယွန်းလည်း အိပ်ချင်မူးတူးနှင့် လက်တစ်ဖက်ကို ထုတ်ပီးဘေးမှ ဖုန်းတင်ထားသော စားပွဲခုံပေါ်သို့စမ်းကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို မြတ်နိုးပြော"
ယွန်း၏ အလုပ်ခွင်တွင် အရင်းနီးဆုံးသူ ဖစ်သော မြတ်နိုးအေး
"ဟဲ့ ယွန်းဒီနေ့အလုပ်နားရက်ဆိုတော့ ငါတို့အပြင်လျှောက်သွားကြရအောင်လေဟာ အလုပ်ကလည်း stress များတော့စိတ်ပြေလက်ပျောက်ပေါ့လေဟာ နင်ဘယ်လိုသဘောရလဲ"
"အမ် ဘယ်သွားမှာလဲဟ"

"မသိသေးဘူး နင်ဘယ်သွားချင်လဲ ငါကဘာဖစ်ဖစ်ရတယ် နင် ရုပ်ရှင်တွေဘာတွေသွားကြည့်ချင်လား"

"ကဲကဲ ဟုတ်ပီ ဒါဆိုလည်း Junction City ပဲပေါ့ဟယ် ထုံးစံမပျက်"ယွန်းကရီလျက်

"အေးအေး အဆင်ပြေတယ် ဒါနဲ့ ယွန်း ငါတို့ဘာကားကြည့်ကြမလဲ သရဲကားကြည့်မလား မကျေနပ်တာတွေတစ်ဝကြီး အော်လိုက်လေ သရဲနဲ့ရောချပီး အနည်းဆုံးတော့ စိတ်သက်
သာရာရတာပေါ့ဟ"

"ဟားဟားဟား အမလေး ဒေါ်မြတ်နိုးရယ် ဟုတ်ပါပီတော် အကြံစူးရောက်လှပါပေတယ် နင့်စိတ်ဖြေနည်းကလည်း။ဟဲ့ မြတ်နိုး ငါမေ့တော့မလို့ ဘယ်အချိန်ဆုံမှာလဲ မမေးရသေးဘူး"

"၁၂ လောက်စုံကြမလား ရုပ်ရှင်က ၃:၁၅ ပွဲရှိတယ်။ ရောက်ရင် စားသောက် လည်ပတ် ဗိုက်ပြည့်ပီး ရုပ်ရှင်ကြည့် ကြတာပေါ့။ပီးတော့မှ ဘယ်ကိုခရီးဆက်မလဲ ထပ်တိုင်ပင်ကြတာပေါ့"

"ခုဘယ်နှနာရီ တွေတောင်ရှိနေပီလဲ"
ယွန်းတစ်ယောက် ဘေးစားပွဲခုံလေးမှ နာရီကိုလှမ်းကြည့်ရင်း "ဟဲ့ ၁၀:၄၅ တဲ့ ၁၁ နာရီတောင်ထိုးတော့မယ် အိပ်လို့ကောင်းနေတာ"

"ဟုတ်တယ် ကျေးဇူးရှင်လေး ဖုန်းထဲလည်းပြန်ကြည့်ဦး ငါဖုန်းခေါ်နေတာ ၇ ခါလောက်ရှိတော့မယ် နင်မနိုးတာ အိပ်ရင်းသေနေပီလားလို့"

"ဟီးဟီး ဒီနေ့အလုပ်နားရက် ဆိုတော့စိတ်လွတ်လက်လွတ် ကိုအိပ်လိုက်တာဟ"
ယွန်းဒီတိုင်းသာ အပျော်အပျက် ပြောလိုက်သည်။အမှန်တကယ် ယွန်းတစ်ညလုံး စိတ်ဖိစီး အတွေးတွေပိပြီး မနက်မိုးလင်းလုနီးနီး မှသာအိပ်မောကျသွားခဲ့သည်။

Desire of the heartWhere stories live. Discover now