(Chap-1)

3.4K 95 0
                                    


               ရုံးဆင်းချိန်မို့ လူသံကားသံတွေနဲ့ပတ်ဝန်းကျင်မှာ ပွတ်လောရိုက်လျက်။ တစ်ပိုင်းတစ်ပျက်နိမ့်ဝင်၍ တိုက်တန်းများပေါ်
မေးတင်အနားယူနေသည့် နေမင်းကြီးမှာလည်း လရိပ်ဖုံးတော့မည်။ ခရမ်းနုရောင်ကောင်းကင်အောက်ဝယ် မိန်းကလေးတစ်
ယောက်လမ်းလျှောက်နေသည်။ ဖြန့်ချထားသော ခပ်ညိုညိုဆံပင်များက ပုခုံးထပ်တွင် လေပြေအေးလေးများနှင့်အတူ ပျံလွင့်လျက်။ ဖြူမို့မို့ပါးပြင်လေးတွေနဲ့ ဖြောင့်စင်းသောနှာတံလေးပေါ် လျှော်ကျနေသော မျက်မှန်ဝိုင်းလေးတစ်လတ်ကို ဖြူဖြူသွယ်သွယ်လက်ချောင်းလေးတွေနဲ့ ပင့်တင်လိုက်သည်။

သူကတော့...ယွန်း ယု ယ

ခေါက်ရိုးကျိုးနေတဲ့ ယွန်းဘဝမှာ နေ့တတူကွလုပ်နေသည့် အတိုင်း အလုပ်သိမ်း၍ ရုံးဆင်းလာသည်။ ရုံးတက်သည်ဆိုပေမယ့်  ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ယွန်းက မိုးပြာရောင် skinny jeans လေးနှင့် blouse အင်္ကျီ အဖြူရောင်လေးကို slip-on shoes အဖြူလေးနဲ့ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ တွဲဖက်ဝတ်ဆင် ထားသည်။ အမဲရောင်ပြောင်ပေါ်တွင်ပန်းပုံကလေးများနှင့် crossbody bag လေးကိုလွယ်လျက် ညာဘက်လက်သန်းကြွယ်တွင် တစ်စုံတစ်ခု ညနေစောင်းနေရောင်ပြပြအောက် တောက်လဲ့နေသည်။ထိုသည် စိန်တစ်ပွင့်နှင့် လက်စွပ်ကလေး....

မြေနီကုန်းမှာရှိတဲ့ ဒီဇိုင်နာရုံးကနေအိမ်ပြန်ရန် ဘက်စ်ကား
မှတ်တိုင်ကို ယွန်း လမ်းလျှောက်လာခဲ့သည်။ အရင်ရက်တွေနဲ့ထူးမခြားနား ဒီနေ့လည်း တစ်ယောက်တည်းကိုယ့်အတွေးနဲ့ကိုယ် လျှောက်နေရင်း အနောက်ကတစ်စုံတစ်ယောက်လိုက်လာသလိုခံစားမိလာသည်။ ထိုအချိန် ယွန်း လည်းမိန်းကလေးတစ်ယောက်တည်းဖြစ်လေရာ ကြောက်ကြောက်လန့်လန့် နှင့် အသက်ရှူသံများမြန်လာပီး လက်ထိပ်များလည်း အေးစက်လာသည်။ နှဖူးမှချွေးစေးများပင်ပြန်လာပီး လှည်းတန်းမှတ်တိုင်ကစီးရမှာမို့ မှတ်တိုင်ကိုဦးတည်ပီးသာသူခက်သွက်သွက်လျှောက်ရန်ကြိုးစားတော့သည်။

မှတ်တိုင်ရောက်ခါနီး လှည်းတန်းတံတားအောက်ရောက်တွင် နောက်မှတောက်လျှောက်ပါလာသောသူက အလွန်ပင်နီးကပ်လာဟန်။ ထို့နောက်...

Desire of the heartWhere stories live. Discover now