(Chap-12)

896 65 4
                                    

" အွန်းလေ မယင်း သိလို့လား"
ကြောင်သွားရာက အမြန်သတိပြန်သွင်းပြီး
"ဟမ် မဟုတ်ပါဘူး ငါ့အသိတွေထဲမှာလည်း ဒီဇိုင်နာဘာညာ တွေရှိတော့ ကြားဖူးမလားလို့ပါ"
"အော် အိုခေအိုခေ ဟုတ်ပီ ဒါဆိုနောက်နေ့သွားတက်မယ်နော် မယင်း"
"အေးပါ အေးပါ တက်တက်"
ပယင်း လည်း ဒီနေရာ က သဲစုအတွက်ကောင်းတယ်၊ အဆင်ပြေတယ်ဆိုတာ သေချာသိလိုက်ပေမယ့် သွားတက်ခိုင်းရမှာတော့ အနည်းငယ် လက်တွန့်နေမိသည်။

"ရပ်စ်စ်စ်စ်"
လုပ်ချင်တာလုပ်ရတော့ ပျော်ရွှင်ပြီး သဲစု သူ့အခန်းထဲသူဝင်သွားသည်။

||ဘာဆိုးဆိုးဝါးဝါးမှ ဖြစ်နိုင်စရာမှမရှိတာ။ ငါကဘာတွေတွေးပူနေတာလဲ||

ပယင်း သူ့စိတ်သူဖြေပြီး အတွေးထဲမျှော်နေမိသည်။

....................

ပထမဆုံး design workshop ကိုသွားဖို့ တက်ကြွနေတဲ့ သဲစု ခေါင်းစခြေဆုံးပြင်ဆင်ပြီး အခန်းထဲမှထွက်လာသည်။ စိတ်တွေလှုပ်ရှားပြီး လျက်ပြာလျက်ပြာနဲ့ ပယင်း အခန်းရှေ့ပြေးသွားကာ တံခါးခေါက်ပြီး

ဒုန်း ဒုန်း ဒုန်း

အားနဲ့စောင့်ပြီး တံခါးကိုထုတဲ့ အသံကြောင့် ပယင်း လန့်သွားပြီ

"ဟဲ့ ဖြေးဖြေးသက်သာ လုပ်ပါ။ နံရံတွေအက်ကုန်တော့မယ်"
"ဝင်ခဲ့ပြီနော်"
"အေးအေး ဝင်ခဲ့"

ဝတ်စုံပြည့်နဲ့သွားဖို့အဆင်သင့် ဖြစ်နေတဲ့ သဲစုကိုတွေ့တော့
"ဟဲ့ သဲသဲ ပြင်တောင်ပြင်ဆင်ပြီးနေပြီ။ သွားတော့မှာလား။ လိုသေးတယ်မဟုတ်ဘူးလား"
"ပထမဆုံးနေ့မှာ နောက်မကျချင်လို့ပါ မယင်းရဲ့။"
"ဒါမျိုးဆိုတက်ကြွတယ်နော်။ ကျောင်းကိုသာအဲ့လောက် ဇွဲရှိရှိသွားပါလား"
"အာ မယင်း ကိုစပြီးရေချိုးတော့ ပြင်ဆင်တော့ လို့ပြောမလို့လာတာ။ သဲ ကိုလိုက်ပို့လေ"
"သဲသဲ ကလည်း နီးနီးလေးကို ဒီတိုင်းလမ်းလေးဘာလေးလျှောက်သွားပါလား"

ပယင်း လည်းလိုက်တော့ ပို့ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်မတက်သာလို့ ငြင်းဆန်ချင်နေခြင်းပင်။

"သိတယ် နီးနီးလေးမို့ လမ်းလျှောက်သွားမှာ။ ဒါမယ့် တစ်ယောက်တည်း မသွားချင်ဘူး မယင်း လိုက်ပို့"
"ဟာာာ သဲသဲ တို့ကတော့ ငါကလိုက်ပို့ရဦးမှာလား"

Desire of the heartWhere stories live. Discover now