~ဒေါက် ဒေါက် ဒေါက် ဒေါက်~
"ယွန်းရေ သမီးထတော့လေ ၇ နာရီ ထိုးခါနီးပြီ ကျောင်းသွားရတော့မယ်"
"ဟုတ်ဟုတ် မေမေ ဟုတ် ခဏခဏ"
ဒေါ်မိစံ ယွန်း ကိုနှိုးပြီး ယွန်း စားဖို့အတွက်မနက်စာသွားပြင်တော့သည်။ယွန်း လည်း တံခါးဝမှ အမေဖြစ်သူထွက်သွားသည်နှင့် ဘေးနားကစားပွဲခုံ ပေါ်မှာအားသွင်းထားတဲ့ ဖုန်းကိုမမှီမကန်းလှမ်းယူ ပြီး ၇:၁၅ alarm ပေးလိုက်သည်။ ညကလည်းစာတွေလုပ်ပြီး ညည့်နက်မှအိပ်ရသောကြောင့် ၁၅ မိနစ်ရလည်း ၁၅ မိနစ်လောက်ပြန်အိပ်ဖို့ ဖက်လုံးဖက်ပြီးနှပ်နေလေသည်။
~ဒူ ဒူ ဒူ ဒူ ဒူ~
"အမလေးဟယ် ခုမှစအိပ်မောကျတာ။ ၁၅ မိနစ်ကလည်း ဒီလိုဆိုမြန်ပ။"
ယွန်း အိပ်ချင်မူးတူးနဲ့ ခုတင်ပေါ်ကဆင်းပြီး လေးလေးပင်ပင် တစ်လှမ်းချင်းလှမ်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။ ဘေစင်ရှိ မှန်ကိုကြည့်ပြီး စုတ်ဖွာနေတဲ့ ခေါင်းကို လက်ဖြင့်ထပ်ထိုးဖွရင်း
"ဟာာ သေတော့မှာပဲ မြို့ကျောင်းတက်ရတာ ဘယ်နှရက်မှမရှိသေးဘူး။ အစောကြီးကလည်းထရသေးတယ်။ စိတ်တောင်ညစ်လာပြီကွာ။ ရွာမှာဆိုအေးဆေးပဲ။" တစ်ယောက်တည်းပေါက်ပေါက်ဖောက်ပြီး သွားတိုက်တံကိုရေစွတ်ကာ သွားတိုက်ဆေးထည့်လိုက်တော့...."အေးကောင်းတယ်ဟေ ငါ့သာသတ်လိုက်တော့။ ခုမှနေ့စတာ တလွဲတွေကစဖြစ်ပြီ"ထည့်ထားတဲ့သွားတိုက်ဆေးက ဘေစင်ထဲ ဖုတ်ခနဲပြုတ်ကျလို့ ယွန်း မနက်စောစောဆိုတော့စိတ်လည်းမကြည်တာကြောင့် ဒေါကန်နေလေသည်။
သွားတိုက် မျက်နှာသစ်အမြန်လုပ် ရေကိုခပ်သွက်သွက်ချိုးပြီး ကျောင်းအင်္ကျီဝတ်လိုက်သည်။ သနပ်ခါးခပ်ပါးပါး မသိမသာလေးလိမ်းပြီး အိပ်ယာဘေးစားပွဲက မျက်မှန်ဝိုင်းလေးယူ တပ်ကာ ခုံပေါ်မှချိတ်ထားတဲ့ လွယ်အိတ်ကိုလွယ်ပြီး အခန်းပြင်ထွက်လာသည်။ထမင်းစား စားပွဲမှာဝင်ထိုင်လိုက်တော့ အမေဖြစ်သူက
"ယွန်း အမေဒီနေ့တော့ မနက်ကဈေးသွားရင်း မုန့်ဟင်းခါးပဲ ဝယ်လာလိုက်တယ်။ အမေ မနက်ကအိပ်ယာထတာ နည်းနည်းနောက်ကျသွားတော့ ဈေးသွားတာလည်းနောက်ကျ အိမ်ပြန်ရောက်တာလည်းနောက်ကျ အကုန်ကိုနောက်ကျပြီးမနက်စာ စားဖို့ဘာမှ လုပ်ဖို့အချိန်မရှိလိုက်လို့ မုန်းဟင်းခါးပဲ ဝယ်ခဲ့လိုက်
တာ"
YOU ARE READING
Desire of the heart
Fiksi Remajaလေတံခွန်လေးတစ်ခုဟာ လေလာတဲ့အရပ်ကိုဖော်ပြပေးသလို နှလုံးသားဆိုတာလည်းကိုချစ်တဲ့သူတစ်ယောက်ကိုအမြဲတမ်း ညွန်ပြပေးနေတဲ့အရာ တစ်ခုပါပဲ Desire of the Heart ♥......... By #Crayon #Koel