(Chap-4)

787 54 1
                                    

တိမ် ယံ ဦး....
အရပ်ရှည်ရှည်အသားဖြူဖြူနှင့် ရုပ်ရည်အသင့်အတင့်ရှိသော
ကောင်လေးတစ်ယောက်
ဆံပင်ကိုလည်းဘိုသီဘတ်သီသာထားတတ်ပြီး ခေါင်းလည်းဖြီးလေ့မရှိ
တိမ်ယံ ကကျောင်းမှာဆိုလည်း စာသိပ်တော်တဲ့ထဲမပါဘူး။ ညဏ်ကောင်းပေမယ့် အရာအားလုံးကို စိတ်လွတ်ကိုယ်လွတ်နဲ့ ပေါပေါ့ပါးပါး ပျော်သလိုနေတတ်သူ။ စလိုက်နောက်လိုက် နယ်လှည့်စကားများလိုက်နဲ့ သူ့ကိုလည်းသူငယ်ချင်းတွေ အားလုံးကချစ်ကြတယ်။ နေရာမှာငြိမ်ငြိမ်ထိုင်တယ် ကိုမရှိ အတန်းလှည့်စကားများတာ။ လစ်ရင်လစ်သလို အခန်းကကူးသေးတယ်။

တိမ်ယံ အဖေက အထူးကုဆရာဝန်ကြီးဖြစ်ပြီး အမေကတော့ ဝါသနာအရ တက္ကသိုလ်မှာ ဆရာမလုပ်နေတယ်။ အဖေရော အမေရောက အလုပ်လုပ်ကြတော့ တိမ်ယံကို အိမ်မှာအိမ်တော်ထိန်းအန်တီကြီးနဲ့ပဲ အမြဲနှစ်ယောက်တည်းထားခဲ့တာ။ တိမ်ယံ ကညီအစ်ကိုမောင်နှမ လည်းမရှိပဲတစ်ယောက်တည်း အထီးကျန်တဲ့ ကောင်လေးတစ်ယောက်။ အိမ်မှာလည်းမိဘ တွေနဲ့ကညဘက် အလုပ်ပြန်ချိန်မှတွေ့ရပြီး ထိန်းကြောင်းမယ့် သူလည်းမရှိတော့ ခက်ဆိုးဆိုးလေးပေါ့။

တိမ်ယံ ကယဉ်ကျေးမှုမရှိတဲ့ သူတစ်ယောက်တော့မဟုတ်ပါဘူး။ ကိုယ်ပိုင်အသိစိတ်နဲ့ အမှားအမှန်ကိုခွဲခြားတတ်တဲ့ လူကောင်းတစ်ယောက်။ ကြင်လည်းကြင်နာတတ်ပြီး သဘောကလည်းကောင်းပ။ ဆက်ဆံရေးလည်းကောင်းသေးတယ်။ မိဘတွေကလည်းပြည့်စုံ ဥစ္စာပေါရုပ်ချော သူဋ္ဌေးသားလေး။ ရုပ်လေးကလည်း သန့်သန့်ချောချောလေး တော်ကီ ကလည်း ကောင်း ရီပြလိုက်တိုင်းသွားစွယ်လေး တွေနဲ့ဆိုတော့ ကျောင်းမှာ တိမ်ယံ ကိုကြိုက်တဲ့ကောင်မလေးတွေက အများကြီးရယ်။

အဲ့ဒီ့ကောင်လေးက လှည့်ကြည့်လိုက်တဲ့အခါ ဒီဘက်က ယွန်းနဲ့မျက်လုံးချင်းတပ်အပ်ဆုံပီး အရာရာအာလုံး ခေတ္တာမျှငြိမ်သက်နေသည်။ ဦးနှောက်ကမျက်နှာလွှဲဖို့ ပြောနေပေမယ့် မသိစိတ်က ဦးနှောက် ကိုအနိုင်ယူနေတာမျိုး။ အေးစက်စက်ဘလေထုကြီးကကြီးခံနေပြီး နှစ်ယောက်လုံးက ပြုံးယောင်သမ်း နေသလို။ ၅စက္ကန့်စာလောက်လေး အကြည့်ချင်းဆုံတွေ့လိုက်ပေမယ့် ရင်ထဲဖိုးသိုးဖက်သက် နာရီဝက်စာလောက် ဖြစ်သွားသလို ခံစားလိုက်ရတယ်။

Desire of the heartWhere stories live. Discover now