Part-14

102 8 6
                                    

Zawgyi

"အချစ်​! ​မောင်​ အလုပ်​ထွက်​လိုက်​ပြီ...."

"ဟင်​!..."

သူ့ကို အလုပ်​မှာ လာကြိုပြီး အပြန်​ ကား​မောင်း​နေရင်းမှ ​ပြောလာတဲ့ ​​မောင့်​ရဲ့ စကားကို ကြားပြီး သူ မအံ့သြပဲမ​နေနိုင်​...

မောင်​က အခုဆို အလုပ်​မှာ Head​တောင်​ဖြစ်​ပြီကို အလုပ်​ထွက်​လိုက်​ပြီတဲ့လား?...

မောင်​ရဲ့ အလုပ်​မှာ ​နေရာတစ်​ခုရ​အောင်​ ​မောင်​ ဘယ်​​လောက်​ကြိုး စားခဲ့ရ သလဲဆိုတာ သူ အသိဆုံး...

မောင်​ ဘာ​ကြောင့်​ အလုပ်​ထွက်​ခဲ့ရတာလဲ...

အလုပ်​မှာ တစ်​ခုခုများဖြစ်​လို့လား...

"​မောင်​ ဘာဖြစ်​လို့လဲ... အလုပ်မှာ တစ်​ခုခုများဖြစ်​လို့လားဟင်​!!..."

စိုးရိမ်​စိတ်​နဲ့အတူ သူ ​မောင့်​ကို ​မေးမိ​တော့ ​မောင်​က ပြုံးသည်​...

"မဟုတ်​ဘူး အချစ်​... ဘာမှမဖြစ်​ခဲ့ဘူး... ဒီအတိုင်းပဲ ထွက်​ချင်​လို့ ထွက်​လိုက်​တာ..."

"ဒီအတိုင်းပဲတဲ့လား ​မောင်​ရာ... ​မောင်​ အခုလက်​ရှိ​နေရာ အထိ​ရောက်​​အောင်​ အပင်​ပန်းခံ ကြိုးစားပြီး​တော့မှ..."

"အချစ်​က ​မောင်​ အလုပ်​ထွက်​လိုက်​တာကို နှ​မြော​နေတာလား..."

သူ့ရဲ့ နှ​မြောတသ ​လေသံကို ​မောင်​က ရိပ်​မိသည်​ထင်​...

"ဟင့်​အင်း ​မောင်​... ​မောင်​ ထွက်​လိုက်​တာကို နှ​မြောတာမဟုတ်​ဘူး... ​မောင့်​ရဲ့ ကြိုးစားခဲ့ရတာ​တွေကို နှ​မြောမိတာ..."

"အဲ့အတွက်​ ဘာမှမပူပါနဲ့... ​မောင်​ကြိုးစားခဲ့တာ​တွေအတွက်​ အလကား မဖြစ်​​စေရပါဘူး..."

မောင့်​ကို ကြည့်​ရတာ တစ်​ခုခုကို လျို့ဝှက်​ ထားပုံရသည်​...

"အင်း​လေ... ဘာပဲဖြစ်​ဖြစ်​ ​မောင့်​ သ​ဘောပါ... ​မောင်​ အဆင်​​ပြေရင်​ပြီးတာပဲ..."

"​သြော်​ အချစ်​ လာမယ့်​ sunday အချစ်​ နားတယ်​မလား..."

"အင်း နားတယ်​​လေ..."

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Where stories live. Discover now