Part-1

412 22 6
                                    

Zawgyi

"Morning ​မောင်​...."

ဂျူတီထွက်​တာနဲ့ ဆရာဝန်​​တွေနားဖို့ ​ပေးထားတဲ့ နား​နေခန်းထဲ ထိုင်​ပြီး အနီးရှိ စားပွဲငယ်​​လေး​ပေါ်တွင်​ notebookကိုတင်​ကာ screenတွင်​​ပေါ်လာ​သော ​မောင့်​ကို လှမ်းနှုတ်​ဆက်​ရင်းနဲ့ အသင့်ေ​​​ဖျာ်​ ​ကော်​ဖီကိုပါ တစ်​ဆက်​တည်း ​ဖျော်​​လိုက်​သည်​...

မနက်ပိုင်းတစ်​ကြိမ်​ ညပိုင်းတစ်​ကြိမ်​ ​မောင်​နဲ့ အမြဲ video callအမြဲ​ပြောဖြစ်​သည်​...

"Morning ချစ်​...."

Screen​ပေါ် ​ပေါ်လာ​သော ​မောင်​သည်​ အလုပ်​သွားရန်​ အသင့်​အ​နေထား​တောင်​ဖြစ်​​နေပြီ...

သူ ဒီ​နေ့ နိုက်​ဂျူတီထွက်​တာ အနည်းငယ်​​နောက်​ကျခဲ့သည်​....

"​မောင်​ ​ကော်​ဖီ​သောက်​ပါဦး..."

ကော်​ဖီခွက်​​လေးကို လက်​ကကိုင်​​မြှောက်​ပြရင်း ​ပြော​တော့ ​မောင်​ကရယ်​သည်​....

"​ဟား ​သောက်​ပါကွာ... ​မောင်​က ​သောက်​ပြီးပြီ... ဘယ်​လိုလဲ အချစ်​ ပင်​ပန်း​နေပြီလား...."

"ပင်​ပန်း​နေ​ပေမယ့်​လည်း သ​ဘောကျတဲ့ အလုပ်​ပဲ​လေ ​မောင်​ရယ်​...."

"ဟုတ်​ပါပြီ.... လွမ်းလိုက်​တာ အချစ်​ရယ်​... အချစ်​​ရော ​မောင့်​ကို မလွမ်းဘူးလား..."

လွမ်းတာ​ပေါ့​ ​မောင်​ရာ...

"ဟင့်​အင်း လွမ်းချိန်​​တောင်​မရှိဘူး... လူနာ​တွေနဲ့ အလုပ်​ရှုပ်​​နေလို့...."

စိတ်​ထဲရှိတာနဲ့ ဆန့်​ကျင်​ဘက်​​ပြောလိုက်​​ပေမယ့်​လည်း ​မောင်​က သူ့အ​ဖြေကို သ​ဘောကျစွာပြုံးသည်​...

"လိမ်​​ပြောတယ်​.... အချစ်​ မျက်​ဝန်း​တွေထဲမှာ ​မောင့်​ကို ဘယ်​​လောက်​လွမ်း​ကြောင်း ​ဖော်​ပြ​နေတာကို ​မောင်​​တွေ့တယ်​..."

"​မောင်​ကွာ သိ​နေရင်​လဲ ဘာလို့​မေးလဲ..."

"အချစ်​ ကိုယ်​တိုင်​​ပြောတာကို ကြားချင်​လို့​ပေါ့..."

"ထားပါ လွမ်းတယ်​ ဟုတ်​ပြီလား.... ​သြော်​ ​မောင်​ အချစ်​တို့ ဒီတစ်​​ခေါက်​ ​တောင်​​ပေါ်​ဒေသကို သွားရမယ်​.... ​တစ်​ပတ်​​လောက်​​တော့ ကြာလိမ့်​မယ်​​ ​မောင်​.... ​တောင်​​ပေါ် ​ဒေသဆို​တော့ ဆက်​သွယ်​​ရေးလိုင်း​တွေလည်း သိပ်​မ​ကောင်း​တော့ အချစ်​ ပြန်​လာမှပဲ ဆက်​သွယ်​လိုက်​မယ်​​နော်​...."

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Onde histórias criam vida. Descubra agora