Part-3

170 15 8
                                    

Zawgyi

မောင်ပြန်​အလာကို ရင်​ခုန်​ စိတ်​လှုပ်​ရှားစွာ ​စောင့်​ဆိုင်းရင်း dinnerအတွက်​ ပြင်​ဆင်​ထားသည်​ကိုလည်း ပြည့်​စုံရဲ့လားဟု စစ်​​ဆေး​နေမိသည်​မှာ အကြိမ်​ကြိမ်​....

ထမင်းစားခန်း၏ စားပွဲ​အလယ်​မှာ​တော့ သူ ကိုယ်​တိုင်​လုပ်​ထား​သော ကိတ်​မုန့်​ငယ်​​လေး...

ဝိုင်​ဖန်​ခွက်​နှစ်​ခုကိုလည်း မျက်​နှာခြင်းဆိုင်​ချထားပြီး ဝိုင်​ပုလင်းသည်​လည်း ​ဘေးနားတွင်​ အသင့်​...

ညစာအတွက်​သည်​ ​မောင်​လည်း ကြိုက်​​သော dinnerနဲ့လည်း လိုက်​ဖက်​​လှသော steakကို ပြင်​ဆင်​ထားသည်​...

ဖ​ယောင်းတိုင်​​တွေက​တော့ ​မောင်​ပြန်​လာပြီးမှပဲ ထွန်း​တော့မည်​....

အခု​လော​လောဆယ်​​တော့ တစ်​အိမ်​လုံးကို အ​မှောင်​ချထားသည်​... ဘယ်​သူမှမရှိသလိုမျိုး....

*ti ti ti*

ဟော ​မောင်​ပြန်​လာပြီ...

အ​ရှေ့ဧည့်​ခန်းမှာ မီးလင်းသွားသည်​ကို လှမ်းမြင်​လိုက်​ရ၍...

သူ ပိုပြီးတိတ်​တိတ်​​လေး​နေလိုက်​သည်​....

မီးဖို​ချောင်​နဲ့ ထမင်းစားခန်းသည်​ တွဲလျက်​ဖြစ်​ပြီး... အိပ်​ခန်းကို ဖြတ်​​ကျော်​ပြီးမှသာ ​ရောက်​နိုင်​သည်​....

မောင်​သည်​ အလုပ်​က ပြန်​​ရောက်​တာနဲ့ အိပ်​ခန်းထဲ အရင်​ဆုံးဝင်​... ​ရေချိုး အဝတ်​လဲပြီးတာနဲ့ သူနဲ့ ဖုန်း​ပြောပြီးမှ ညစာ စားတက်​သည်​ကို သူသိထားသည်​​....

ဒါ​ကြောင့်​ ​မောင်​ အခု ထမင်းစားခန်းထဲ ​ရောက်​လာမည်​ကို သူ ပူစရာမလို... ​မောင်​ ​ရောက်​လာမည့်​ အချိန်​ကိုသာ ​အေး​ဆေးစွာ ​ထိုင်​​စောင့်​​နေဆဲ silentလုပ်​ထား​သော သူ့ဖုန်း​လေး လင်း​လာသည်​... ဘယ်​သူလဲလို့ ကြည့်​စရာ​တောင်​မလို​ပေ... ​မောင့်​ ထံမှ ဖုန်းပဲဖြစ်​မည်​​လေ....

ဆေးရုံတွင်​ လူနာ​တွေကို အ​နှောင့်​အယှက်​ မဖြစ်​ရ​စေရန်​ ဖုန်းကို silentအမြဲလုပ်​ထားတက်​တဲ့ သူ့အကျင့်​​ကြောင့်​သာ ​တော်​​သေးသည်​... မဟုတ်​ရင်​ ​မောင်​ သိသွားနိုင်​သည်​....

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Onde histórias criam vida. Descubra agora