Part-13

102 10 8
                                    

Zawgyi

"ဟာ အချစ်​ ​မောင့်​ကို ​စောင့်​ဦး​လေ..."

မောင်​ car parkingထိုး​နေချိန်​မှာပဲ သူ အမြန်​​ပြေးထွက်​ခဲ့လိုက်​သည်​....

အိမ်​တံခါးကို အမြန်​ဖွင့်​ အိပ်​ခန်းထဲ ​ပြေးဝင်​ပြီး တံခါး​လော့ခ်​ချထားလိုက်​သည်​....

ဘာတဲ့ လာ​ချော့တာတဲ့ ပန်းစည်း​လေးတစ်​စည်း လက်​​ဆောင်​​လေးတစ်​ခု​တောင်​မပါပဲ ​သူ့ဆီ​ရောက်​လာတာ...

ထားပါ​လေ ပစ္စည်း​ကအ​ရေးမကြီးပါဘူး...

ကားယူမလာတဲ့ ​မောင့်​​ကြောင့်​ ထပ်​ပြီး ​မျှော်​လင့်​လိုက်​မိတာက တစ်​​နေရာရာကို ​ခေါ်သွားပြီး dinner​ကျွေးပြီး ​ချော့မယ်​လို့ ထင်​ထားတာ... သူ့ကို လာကြိုပြီး ​မောင်​ ​မောင်းလာခဲ့တဲ့​နေရာက သူတို့အိမ်​တဲ့​လေ...

မောင်​ ဘာ့​​ကြောင့်​ အိမ်​ကို ​မောင်းလာတာလဲ​ ​မေး​တော့.... အချစ်​က အိမ်​မြန်​မြန်​ပြန်​ချင်​ပြီလို့​ပြောတာကိုတဲ့...

ပြောမိတဲ့ သူ့အမှား... သိပ်​ကို စကားနား​ထောင်​​ရှာတဲ့​မောင်​....

အဲ့ဒါ​ကြောင့်​ ​မောင်​ ကားပါကင်​မထိုးခင်​ ကားရပ်​လိုက်​ချိန်​မှာပဲ သူ ကား​ပေါ်က ​ပြေးဆင်းခဲ့တာ... ​မောင့်​ကို စိတ်​​ကောက်ချင်​လို့....

တကယ်​ပါပဲ ​မောင်​က မရိုတက်​တာပဲလား... သူကပဲ အရမ်းကို ရိုတက်​ချင်​​နေတာ​ကြောင့်​လား မသိ​တော့ဘူး....

မသိဘူး စိတ်​ဆိုးမယ်​ စိတ်​​ကောက်​မယ်​.... စိတ်​​ပြေတဲ့ အထိ​ချော့ရမှာ ​မောင့်​ တာဝန်​....

"အချစ်​ အချစ်​...."

*ဒုန်း ဒုန်း ဒုန်း*

"အချစ်​ တံခါးဖွင့်​ကွာ..."

တံခါးကိုလည်း တဒုန်းဒုန်း ထု... တံခါး​လော့ခ်​ကိုလည်း တ​ဂျောက်​​ဂျောက်​ လှည့်​ဖွင့်​​နေ​သော ​မောင်​ အသံကို သူ ကုတင်​​ပေါ်က​နေ ​အေး​ဆေး ထိုင်​ကာ နား​ထောင်​​နေလိုက်​သည်​....

"အချစ်​ရာ ဘာဖြစ်​သွားတာလဲကွာ... ​မောင့်​ကို စိတ်​ဆိုးမ​ပြေ​သေးဘူးလား...."

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Donde viven las historias. Descúbrelo ahora