Part-4

155 13 0
                                    

Zawgyi

မျက်​နှာထက်​ တရွတရွနဲ့ ထိ​တွေ့မှုများ​ကြောင့်​ သူ အိပ်​​ပျော်​​နေရာမှ နိုးလာမိ​ပေမယ့်​လည်း မျက်​လုံးတို့က​တော့ အိပ်​ချင်​စိတ်​​ကြောင့်​ ဖွင့်​မရခဲ့​ပေ...

သူ့ကို အခုလိုနိုး​စေသည့်​ သူသည်​ တခြားသူမဟုတ်​ ​မောင်​ပင်​ဖြစ်​သည်​.... သူ့မျက်​နှာအနှံ့ လိုက်​နမ်း​နေတာ...

"ဟာ ​မောင်​ရာ ငါ အိပ်​ချင်​​နေတာကိုကွာ..."

သူရဲ့ အိပ်​ချင်​မ​ပြေဟန်​နဲ့ စကားသံကို ​မောင်​က သ​ဘောကျသည်​ထင်​ တဟားဟားရယ်​​လေသည်​....

သူ့မျက်​နှာသည်​လည်း စူပုတ်​​နေမှာ အ​သေအချာပင်​....

"sorryကွာ... ​မောင်​​လေ မင်း​လေး ပြန်​​ရောက်​လာတာကို အံ့သြပြီး အိပ်​လို့မ​ပျော်​တာနဲ့ မင်း​လေးကို ထိုင်​ကြည့်​ရင်း အသည်းယားလာလို့ မ​နေနိုင်​တာနဲ့ နမ်းမိတာပါကွာ..."

ဖြေရှင်းချက်​ပေးပြီးတာနဲ့ ထပ်​ပြီးကျ​ရောက်​လာပြန်​တဲ့ သူ့နှုတ်​ခမ်းထက်​က အနမ်း​နွေး​နွေးတို့​ကြောင့်​ သူ့မျက်​လုံးတို့သည်​လည်း ပွင့်​သွားရ​ချေပြီ....

"​မောင်​ ဗိုက်​ဆာတယ်​...."

ညစာမစားပဲ ဒီအတိုင်း​မောင့်​ရင်​ခွင်​ထဲ အိပ်​​ပျော်​သွားပြီး ခုတ​ရေးနိုးမှ အချက်​ပြလာတဲ့ ဗိုက်​​ကြောင့်​ ​မောင့်​ကို ချွဲကာ​ပြောမိသည်​...

"​မောင့်​ကို စားမလား ချစ်​...."

ပြောင်​စပ်​စပ်​နဲ့  ​မောင့်​မျက်​နှာသည်​ ရိုက်​ပစ်​ချင်​စရာ​ကောင်းလှ​ပေမယ့်​လည်း သူမှ မရိုက်​ရက်​သည်​ပဲ​လေ...

"​မောင်​​နော်​ ဘာစကား​တွေ ​ပြော​နေတာလဲ... ငါက တကယ်​ဗိုက်​ဆာလို့​ပြော​နေတာကို ဖယ်​..."

သူ့ကို ဖက်​ထား​သော ​မောင့်​ကို တွန်းဖယ်​ပြီး ကုတင်​​ပေါ်မှ ဆင်းကာ မီးဖို​ချောင်​ကို ထွက်​လာခဲ့လိုက်​သည်​....

နောက်​မှ လိုက်​လာတဲ့ ​မောင်​သည် မီးဖို​ချောင်​ မ​ရောက်ခင်​ သူ့ကို ဆွဲဖက်​ပြီး...

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Hikayelerin yaşadığı yer. Şimdi keşfedin