Part-11

94 11 10
                                    

Zawgyi

*beep beep*

သူ ဧည့်​ခန်းမှာ ထိုင်​ကာ စာအုပ်​ဖတ်​​နေချိန်​... ဖုန်းသံကြားလိုက်​ရတာမို့ သူ့ ဖုန်းလားဟုကြည့်​​တော့လည်း မဟုတ်​... Taeminရဲ့ ဖုန်းပဲ ဖြစ်​မည်​ထင်​သည်​...

Taeminကလည်း ​ရေချိုး​နေတုန်းမို့ သူလည်း ဒီအတိုင်းထားလိုက်​သည်​... ဖုန်းက​တော့ ဆက်​တိုက်​မြည်​​နေဆဲ....

ဖုန်းဆိုမှ... ​မောင်​လည်း သူ့ကို တစ်​ချက်​​တောင်​မဆက်​သွယ်​ဘူး... ​မောင်​ တကယ်​​နေနိုင်​သည်​... ​မောင်​ တကယ်​ပဲ စိတ်​ဆိုးမ​ပြေ​သေးဘူးလား...

သူက စပြီး ဆက်​သွယ်​ချင်​​ပေမယ့်​ ​မောင်​ သူ့ကို စိတ်​ဆိုးမှာ​ကြောက်​တယ်​...

မောင်​နဲ့ ပြဿနာဖြစ်​ပြီး ​နောက်​​နေ့မှာ စိတ်​​ပြေလက်​​ပျောက်​ သူ Taeminနဲ့ သွား​တွေ့ခဲ့သည်​...

စကား​တွေ​ပြောကြရင်း လက်​ရှိပြဿနာကို Taemin သိသွား​တော့ Taeminက သူ့ကို အိမ်​လိုက်​ခဲ့ရန်​​ခေါ်သည်​...

သူ ငြင်း​ပေမယ့်​လည်း... Taeminက ​ပြောသည်​ အမြဲ အ​လျော့​ပေး​နေရင်​ မင်းပဲ ခံ​နေရမှာ တစ်​ခါ​လောက်​​တော့ ကိုယ်​က ခပ်​တင်းတင်း​နေ​ပေး... Minho ကိုယ်​တိုင်​ လာ​ခေါ်မှ ပြန်​လိုက်​သွားတဲ့​လေ...

သူလည်း တစ်​ခါ​လောက်​​တော့ ​မောင်​ ​ချော့တာခံချင်​ပါရဲ့... ထိုအ​တွေးနဲ့ အတူ Taemin အိမ်​မှာ လိုက်​​နေမိတာ သုံး​လေးရက်​​လောက်​​တောင်​ရှိပြီ... ​မောင့်​ဘက်​က အရိပ်​​တောင်​မမြင်​ရ... ​မောင်​ သူ့ကို တကယ်​ ပြတ်​နိုင်​ပြီလား...

"ကဲ ငို ပြန်​ပြီလား...."

ဘယ်​အချိန်​က အနား​ရောက်​လာလဲ မသိတဲ့ Taemin ​​ပြော​တော့မှ ကိုယ့်​မျက်​နှာကိုယ်​ပြန်​စမ်းကြည့်​​တော့ ပါးပြင်​နှစ်​ဖက်​မှာ မျက်​ရည်​စ​တွေ...

သူ Taeminကို အသာပြုံးပြရင်း မျက်​ရည်​တို့ကို သုတ်​လိုက်​သည်​...

"လာ သွားရ​အောင်​... ညစာ ထွက်​စားကြမယ်​..."

ထိုင်​​နေတဲ့ သူ့ကို လက်​က​နေဆွဲထူ​နေတဲ့ Taemin​ကြောင့်​ သူ ထရပ်​လိုက်​သည်​...

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Donde viven las historias. Descúbrelo ahora