Part-15

91 10 8
                                    

Zawgyi

မီးဖို​ချောင်​ထဲ apron​လေးဝတ်​လို့ တကုပ်​ကုပ်​နဲ့ အလုပ်​ရှုပ်​​နေ​သော ​ဆရာဝန်​​လေးကို Minho ထမင်းစား စားပွဲက​နေထိုင်​ကာ ​စားပွဲ​ပေါ်​မေး​ထောက်​လို့ တစိမ့်​စိမ့်​ကြည့်​ ​နေမိသည်​....

ပိန်​ပိန်​ပါးပါးနဲ့ နူးညံ့ဖြူ ​ဖွေး​သော အသားရည်​ကိုပိုင်​ဆိုင်​ထားတဲ့ ဤ​ကောင်​​လေးသည်​ ​ချောသည့်​ထဲ​တော့ မပါဝင်​ပဲ ချစ်​ဖို့​ကောင်းသည်​ဟု ဆိုလို့ရသည့်​ထဲမှာပါဝင်​သည့်​ သူမျိုးဖြစ်သည်​....

Minhoကို သိပ်​ချစ်​လွန်းတဲ့ သူ....

Minhoသည်​ အိမ်​​ထောင်​ကွဲ မုဆိုးဖိုဖြစ်​တာ​တောင်​မှ ​မေတ္တာ မပျက်​ ချစ်​ခြင်းအပြည့်​ဖြည့်​ လက်​ခံ​ပေး​သော သူ...

Minhoနဲ့ ပတ်​သတ်​ရင်​ အစစ အရာရာ နားလည်​​ပေးနိုင်​ဆုံး​သော လူသား...

သူ့ကို Minho အဆုံးရှုံးမခံနိုင်​​လောက်​​အောင်​ ချစ်​မိ​နေပြီဆိုတာ သူနဲ့အတူ​နေလာခဲ့တဲ့ ​နေရက်​​တွေမှာ ​Minho ​သေချာသိခဲ့ရသည်​....

Minho အချစ်​​တွေမှာ​တော့ အတ္တ​တွေပါ​ကောင်းပါနိုင်​​နေလိမ့်​မည်​...

ဒါဟာလည်း ဒီလူသား​လေးကို သိပ်​ချစ်​လွန်းလို့ ဖြစ်​လာတဲ့ အတ္တ​တွေသာ....

Minhoက သူ့အတွက်​​တော့ ပြည့်​စုံတဲ့သူ တစ်​​ယောက်​မဖြစ်​ခဲ့လို့ သူ့ရဲ့ထားခဲ့ခြင်းကို ​ခံရမှာ ​Minho ဘဝမှာ အ​ကြောက်​ဆုံးပဲ....

"​မောင်​ ဧည့်​သည်​​တွေ လာခါနီးပြီမလား ​ရေသွားချိုး​တော့..."

Minho ​ငေး​ကောင်းဆဲ ​တွေး​ကောင်းဆဲမှာပဲ ချစ်​ရသူ၏ နှိုး​ဆော်​မှု​ကြောင့်​ ​ရေချိုးရန်​လုပ်​ရ​တော့သည်​....

"အမ်​ အင်း အင်း ​မောင်​ အခုပဲ သွားချိုးလိုက်​​တော့မယ်​... အချစ်​​ရော...."

"အချစ်​လည်း လုပ်​လက်​စ​လေး​တွေ လက်​စသတ်​ပြီးမှပဲ ချိုး​တော့မယ်​..."

"ဒါဖြင့်​ အတူချိုးကြမလား ​မောင်​ ​စောင့်​​နေမယ်​​လေ..."

"​မောင်​​နော်​...."

Minho စ,လိုက်​​တော့ ရှက်​ဝဲဝဲဖြစ်​သွားတဲ့ ချစ်​ရသူ၏မျက်​နှာသည်​ အလွန်​ပင်​ကြည့်​​ကောင်းလှသည်​...

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Tahanan ng mga kuwento. Tumuklas ngayon