HappyBirthday🎂🎉

67 10 0
                                    

Zawgyi

Final partမဟုတ်​ပါဘူး​နော်​... ဒါ​လေးက ​Kibum​မွေး​နေ့​လေးအတွက်​ သီးသန့်​ အပိုင်း​လေးပါ....

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

မောင်​ ဒီ​နေ့လာမကြိုနိုင်​ဘူးဟု ဖုန်းလှမ်းဆက်​တာ​ကြောင့်​ သူ ဂျူတီ​အော့ဖ်​တာနဲ့ Taxiနဲ့ ပြန်​လာခဲ့လိုက်​သည်​...

အမြဲတမ်း ​မောင်​ကသာ အကြိုအပို့လုပ်​​ပေး​တော့တာမို့ သူ့ကိုယ်​တိုင်​ ကားမ​မောင်းဖြစ်​တာ​တောင်​ကြာပြီ...

သူ ​ရေချိုးပြီး ​ခေါင်းသုတ်​​နေစဉ်​မှာပဲ သူ့ ဖုန်းသံကြားလိုက်​ရတာ​ကြောင့်​ ကုတင်​အနီးရှိ စားပွဲ​ပေါ်မှာ တင်​ထားတဲ့ ဖုန်းကို သွားကြည့်​​တော့ ​မောင်​ ​ခေါ်တာ....

Video call​ခေါ်တာ​ကြောင့်​ သူ ကိုင်​လိုက်​တာနဲ့ ​မောင့်​ မျက်​နှာ ထင်းထင်းကြီး​ပေါ်လာသည်​...

"​ပြော​ ​မောင်​...."

"လွမ်းလို့...."

မောင့်​ စကားကြားပြီး သူ သ​ဘောကျစွာ ခပ်​ဟဟရယ်​လိုက်​မိသည်​...

မအားလို့ လာမကြိုနိုင်​တာ​လေးနဲ့ပဲ အနှစ်​,နှစ်​ အလ,လ မ​တွေ့ရတဲ့ သူ​တွေကျ​နေတာပဲ ​မောင်​ရာ....

"​မောင်​ ခုဘယ်​မှာလဲ...."

"ဆိုင်​မှာ.... ခဏ​နေရင်​ သွားရ​တော့မှာ... အချစ်​ ​ခေါင်း​လျှော်​ထားတာလား..."

မောင်​နဲ့ ဖုန်း​ပြော​နေသည်​မို့ မသုတ်​အားတာ​ကြောင့်​ ဒီအတိုင်းထား,ထား​သော ​ရေဆို​နေတဲ့ ​ခေါင်းကို ​မောင်​ သတိထားမိသွားပုံရသည်​...

"အွန်း ဟုတ်​တယ်​​လေ...."

"ဟာ အဲ့ဒါဆို ​ခေါင်းကို စင်​​အောင်​ သုတ်​​လေကွာ..."

"​မောင်​နဲ့ ဖုန်း​ပြောပြီးရင်​ ​သေချာသုတ်​လိုက်​မယ်​ ဟုတ်​ပြီလား..."

သူ ​ခေါင်းငြိမ့်​ပြလိုက်​သည်​.... ဒါ​တောင်​မှ ​မောင်​က စိတ်​မချ သလို ထပ်​​ပြောပြန်​​သေး၏...

"​သေချာသုတ်​​နော်​ အချစ်​... ​မောင်​ရှိတဲ့ အချိန်​မှ ​လျှော်​တာမဟုတ်​ဘူးကွာ..."

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Donde viven las historias. Descúbrelo ahora