Part-7

116 12 0
                                    

Zawgyi

"​မောင်​ ငြိမ်​ငြိမ်​​နေကွာ ရုပ်​ရှင်​ ​အေး​ဆေး ကြည့်​ချင်​တယ်​..."

ဧည့်​ခန်းထဲ အတူထိုင်​ကာ ရုပ်​ရှင်​ကြည့်​​ကြရင်းမှ ​မောင်​သည်​ သူ့ကို ​မောင့်​ရင်​ခွင်​ထဲ ဆွဲယူသွင်းလို့ အငြိမ်​မ​နေပဲ တဖွဖွ နမ်းရှုပ်​​နေသည်​....

"အချစ်​ကလည်းကွာ အခုလည်း ကြည့်​​နေရတာပဲ မဟုတ်​ဘူးလား..."

"ကြည့်​တာ​တော့ ကြည့်​​နေရတာ​ပေါ့... ​ဒါ​ပေမယ့်​ ​မောင်​က လိုက်​နမ်း​နေ​တော့ ကြည့်​ရတာ အာရုံမရဘူး​လေ..."

သူ့ ​မောင်​ရင်​ခွင်​ထဲမှ ရုန်းထွက်​ကာ ​မောင့်ကို မ​ကျေမနပ်​​ပြောမိ၏....

"ရုပ်​ရှင်​က ဘယ်​အချိန်​ကြည့်​ကြည့်​ရပါတယ်​ အချစ်​ရာ..."

"နမ်းတာကလည်း ဘယ်​အချိန်​ နမ်းနမ်းရတာပဲ​လေ..."

"အဲ့လို နှုတ်​ခမ်း​ထော်​ပြီး မ​ပြောနဲ့... ​မောင်​ အသည်းယားတယ်​..."

သူ့က နှုတ်​ခမ်း​ဆူလို့ ​ပြောသည်​ကို ​မောင်​က ဆူ​​ထော်​​နေတဲ့ သူ့နှုတ်​ခမ်းကို လက်​ဖြင့်​ စုကာ ညှစ်​​​ပြီး ပြန်လွှတ်​သည်​...

"အသည်းယားရင်​ အချစ်​ ကုတ်​​ပေးမယ်​​လေ..."

"ဟာ ဒီ​ကောင်​​လေး ​နောက်​တယ်​ကွာ..."

"​နောက်​ပါဘူး​နော်​... အတည်​​ပြော​နေတာ... တကယ်​ကုတ်​​ပေးမှာ..."

မောင့်​ကို စ​နောက်​ကာ ကုတ်​ရန်​ပြင်​​နေတဲ့ သူ့လက်နှစ်​ဖက်​ကို ​မောင့်​လက်​များဖြင့်​ ဆွဲယူ ချုပ်​ထားရင်း သူ့ကို ပိုပြီး နီးကပ်​​အောင်​ဆွဲယူသည်​....

"အချစ်​ ကိုယ်​တို့ လက်​ထပ်​ကြရ​အောင်​လား..."

"ဟင်​!..."

စ​နောက်​​နေရင်းက ​မောင်​က သူ့ မျက်​လုံး​တွေနဲ့ အကြည့်​ချင်းဆုံကာကြည့်​ရင်း​ပြောသည်​...

"​မောင်​​လေ အချစ်​ကို ပိုင်​ဆိုင်​ချင်​​နေပြီ..."

"အင်း ​လက်​ထပ်​ကြတာ​ပေါ့... ဒါ​ပေမယ့်​ ချစ်​ကို အချိန်​နည်းနည်း​တော့​ပေးဦး အခုမှ အလုပ်​ဝင်​ကာစဆို​တော့..."

Endless Love (အဆုံးမရှိတဲ့ ချစ်​ခြင်း💕)   [Zawgyi / Unicode ]Donde viven las historias. Descúbrelo ahora