🍷 🍷1(zawgyi&unicode)

44.7K 1.6K 89
                                    

Unicode

"ကျေးဇူးတင်ပါတယ် မီဂျိုရယ် ငါခရီးက
ပြန်ရောက်တာနဲ့ ချက်ခြင်းလာပြန်ခေါ်မှာပါ။"

"ရပါတယ်..ထယ်ယောင်းလေးကိုစိတ်ချလက်ချထားခဲ့..ငါကြည့်ပေးနိုင်ပါတယ်"

အိပ်မှုံစုံဖွားဖြင့် အိပ်ရာမှထ၍ အောက်ထပ်သို့
ဆင်းလာချိန်ကြားရသောစကားများကြောင့်၁၅
နှစ်အရွယ် လူပျိုပေါက်လေး ဂျွန်ဂျုံးဂု အမေဖြစ်
သူအနားသို့ကပ်သွားရင်း အသံတိတ်စပ်စုလိုက်
သည်။

အိပ်ချင်မူးတူးမျက်လုံးအားပြူးပြဲ၍ဖွင့်ကြည့်
တော့ မေမေနှင့်စကားပြောနေသည့် အန်တီကြီး၏
လက်ကိုဆွဲကာ ရေခဲချောင်းလေးစုပ်၍ မက်တပ်ရပ်
နေသော ၅နှစ်အရွယ် ကကလေးလေးကိုမြင်လိုက်ရ၏။။အဝါရောင်
လွယ်အိတ်လေးလွယ်ထားပြီး ရေခဲချောင်းအားတစ်
ပြွတ်ပြွတ်စုပ်၍ မျက်လုံးလေးပုတ်ခပ် ပုတ်ခပ်လုပ်နေပြီးအမဲရောင်ခပ်အုပ်အုပ်ဆံပင်လေး မျက်လုံး မျက်ဆံ
နက်နက်လေးနှင့် ချစ်စရာ သေးသေးလေးရယ်ပါ။

ကြည့်ရတာ မေမေနှင့်စကားပြောနေသည့်အန်တီကြီး
က ခရီးထွက်စရာရှိ၍ သူ့သားလေးကို ကျွန်တော်တို့
အိမ်မှာထားခဲ့ဖို့ မေမေနှင့်ပြောနေပုံရသည်။

ထို့နောက် ထိုပုစိလေးက ရုတ်တစ်ရက် ကျွန်တော့်
ကိုမြင်သွားဟန်ရသည်။သူ့အမေ၏ အင်္ကျီစအား
ဆွဲ၍"မေမေ..ကြည့်"ဟုဆိုကာ ကျွန်တော့်အားလက်ညိုးလေးထိုး၍ ပြ‌ တော့သည်။

"ဟယ်..မီဂျိူ နင့်သားလေးလား?။အချောလေးကျန်း
..."

"အေး..ငါနဲ့တူလို့လေ...ဂျွန်ဂျုံးဂုတဲ့။ မျက်နှာသွားသစ်လေ။ပြီးရင်မနက်စာစားဖို့ပြန်ဆင်းလာခဲ့ဦး"

"ဟုတ်အမေ..တွေ့ရတာဝမ်းသာပါတယ်အန်တီ"

"အေးအေး..ဝမ်းသာပါတယ်ကွယ်"

ဂျုံးဂုက အမေဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်ပြီး ထိုအန်တီကိုနူတ်ဆက်၍ အပေါ်ထပ်သို့ပြန်တက်သွားတော့သည်။

အိမ်အပေါ်မတက်ခင် ထိုကလေးအားတစ်
ချက်ပြန်ကြည့်တော့ သွားဖြူသေးသေးလေး‌ တွေပေါ်လာသည်အထိဟီးခနဲ ရယ်ပြ၏။ဂျုံးဂု၏ နှလုံးသားထဲဝယ် ထိုအသေးလေးကြောင့် အနည်းငယ်ယားကျိကျိခံစားလိုက်ရတော့သည်။

Bad Baby(complete)Where stories live. Discover now