🍷18🍷(Final,uni)

12.3K 830 47
                                    


လှသည်..လှသည်ဆိုသည်ထက်အရှိန်
အဝါကြီး၍မှော်ဆန်သည််။လွှမ်း
မိုးနိုင်စွမ်းတွေရှိသည်။ထယ်ယောင်း
အနှစ်သက်ဆုံးသောအရောင်လေး
အနက်ရောင်သတို့သား၀တ်စုံလေး
ကိုကြည့်ရင်း ထယ်ယောင်းမျက်
လုံးတွေ ဖျက်ဖျက်လက်နေသည်။

ဒီလကုန်ပြီးရင် ကျင်းပမည့်‌ဂျုံးဂု
နှင့်ထယ်ယောင်း၏ လက်ထပ်ပွဲ
တွင် ထယ်ယောင်းက ယခုမျက်စိ
ရှေ့တွင်ရှိနေသည့် အနက်ရောင်
လက်ထပ်၀တ်စုံလေးကို ဂျုံးဂုနှင့်အတူတူ
၀တ်ချင်သည်။ထယ်ယောင်း
တန်းပေါ်မှ ၀တ်စုံအားမြန်မြန်ဆန်
ဆန်ပင်ဖြုတ်ယူကာ ၀န်ထမ်းမ
လေးထံ လှမ်းပေးလိုက်သည်။

"ဒါယူမယ်"

သို့သော်လည်း ၀န်ထမ်းမလေးဆီ
မရောက်ခင် အနက်ရောင်လက်ထပ်
၀တ်စုံလေးအား တစ်စုံတစ်ယောက်မှ
ဖြတ်လုလိုက်သည်။

"မရဘူး...အဖြူပဲ၀တ်မယ်"

"ဂျွန်!ကျွန်တော် အနက်ပဲ၀တ်ချင်တယ်"

ဂျုံးဂုသူယူလာသောအဖြူရောင်
သတို့သား၀တ်စုံအားဝန်ထမ်း
မလေးအား လှမ်းပေးလိုက်သည်။

"ဒါယူမယ်"

"ခင်များ..ဂျွန်ဂျုံးဂု"

"၀တ်ချင်လဲမ၀တ်ရဘူး..အဖြူပဲ
၀တ်"

"ဘာ..မ၀တ်ဘူး အဖြူ၀တ်ချင်
ခင်များ ကိုယ့်ဘာသာ၀တ်ပါလား"

"အဓိပ္ပယ်မရှိလိုကိတာ..မင်္ဂလာ
ဆောင်မှာ သတို့သားနှစ်ယောက်
၀တ်စုံအရောင်မတူတာဖြစ်သင့်
ရဲ့လား"

ထယ်ယောင်း လက်သီးလေးဆုပ်
ရင်း အောက်နူတ်ခမ်းကိုနာနာဖိ
ကိုက်ပြစ်လိုက်မိသည်။
ဒီအခိုက်အတန့်လေးတောင်
ဂျွန်ကသူ့ကို အလိုမလိုက်ပေးနိုင်
ပါ။

"မသိဘူး..အနက်မ၀တ်ရရင်
ခင်များကိုမယူဘူးသိလား..
လုံး၀မယူဘူး!!"

စိတ်ရှိလက်ရှိအော်ပြစ်ခဲ့ပြီးသည်
နှင့် ထယ်ယောင်း ထိုဆိုင်ထဲမှ
ဆောင့်ဆောင့်အောင့်အောင့်ဖြင့်
ထွက်လာခဲ့သည်။အပြင်တွင်
ခေတ္တရပ်၍ စောင့်နေသော်လည်း
ဂျွန်ဂျုံးဂုကြီးလိုက်ချော့ဖို့နေနေ
သာသာ ထွက်လာသည့်အရိပ်ပင်
မတွေ့ရ။

Bad Baby(complete)Onde histórias criam vida. Descubra agora