နွေးထွေးသောနံနက်ခင်းတစ်ခုဖြစ်တာ
ကြောင့်ထယ်ယောင်း၏ ပါးပြင်လေးတွေနွေးနေ၏။ခန္ဒာတစ်ခုလုံးလည်းနွေး
နေကာ လက်မောင်းတစ်ဖက်၏ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားချင်းကိုခံစားမိသည်။နွေးနေသောပါးလေးေတွပူလာသည်။
ကျောခိုင်းထားရာမှ မျက်နှာချင်း
ဆိုင်လှည့်ကာ ဂျုံးဂုကိုပြုံး၍
ကြည့်လိုက်သည်။ရင်ဘက်ကြီးကကျယ်လိုက်တာ..
အသားအရည်ကလဲကောင်းတယ်..
ပီးတော့..မေးရိုးကြီးကလဲသေသပ်
ပီး ချောမောခန့်ညားလိုက်တာ..။အို..ဘာနေနေ ငါ့ယောက်ျားက
အရမ်းချောတယ်..။အိပ်နေလို့ကမဖြစ်သေး ထပြီးလုပ်
စရာတွေရှိသေးသည်။"အင်း..."
အပျင်းဆန့်၍ ထထိုင်လိုက်တော့
ပခုံးထက်မှစောင်ဖြူပါးလေးက
လက်မောင်းထက်သို့လျှောကျ
သွားသည်။"ပြွတ်"
ပခုံးအားခပ်ဖွဖွနမ်းလိုက်ခြင်းကြောင့်
ထယ်ယောင်းလေး ဆက်ခနဲဖြစ်
သွားရသည်။"ဂျွန်"
"အငြိမ်မနေဘူးကွာ"
ထယ်ယောင်းနှင့်အတူလိုက်၍ထကာပခုံးထက်ခေါင်းတင်၍မှေးနေသော
ဂျုံးဂုကြောင့်ထယ်ယောင်း အသာ
တွန့်၍ ရုန်းလိုက်မိသည်။ဒီနေ့သွားရမဲ့ ရှယ်ယာရှင်ပါတီ
အတွက် ထယ်ယောင်းတို့ပြင်ဆင်
စရာတွေအများကြီးရှိသည်ကို
အပျင်းလာတစ်နေသည့်ယောက်ျား
ကြီးကြောင့် ထယ်ယောင်း နူတ်ခမ်း
လေးစုချွန်လာသည်။ပင်ပန်းတာသူတစ်ယောက်ထဲလား
နော်..ထယ်ယောင်းလဲတူတူပဲကို
သူက ပိုပြနေတာ..။"ထတော့..ဂျွန်"
"အင်း..ခနလေးကွာ"
ခါးကိုယှက်သိုင်းလာသည့်လက်များ
အားထယ်ယောင်း တစ်ဖက်ဖက်
ရိုက်ထုတ်ဖြစ်လိုက်သည်။"ညနေပါတီပွဲ
မမှီရင် စိတ်အကြီး
ကြီးကောက်ပြစ်မှာနော်..သိလား"ခါးကလက်တွေကိုအတင်းဆွဲဖြုတ်
မှီထားတဲ့လူကိုတံတောင်နဲ့တွန်း
ပြစ်ပြီး ကုတင်ဘေးပုံကြနေသည့်
သူတို့နှစ်ဦး၏အ၀တ်များထဲ ကိုယ့်အဝတ်ကို ကိုယ့်ဟာကိုရှာ၍ရှပ်အပွကိုကောက်စွပ်ကာ ကုတင်ထက်မှထလာခဲ့လိုက်သည်။