🍷🍷2(Zawgyi&unicode)

18.8K 1.5K 63
                                    

"Arrr..rr...တီတီရေ...ဗြဲ!!..."

ပြန့်ကျဲနေသော နွားနို့ရေများ။ဟိုတစ်ခုဒီတစ်ခုဖြစ်
နေသော ဖန်ကွဲစများနှင့်အတူ လောကတစ်ခွင်
ပြဲပြဲစင်အောင် ငိုနေသော ဘေဘီထယ်။ဗြဲခနဲ
တစ်ချက် တစ်ချက် အာခေါင်ခြစ်အော်တိုင်း
ဒေါ်မီဂျီုခမျှာ ဘယ်ပြေးရမလို ညာပြေးရမလို
ကလေးပါးစပ်ပဲ လက်နဲ့ပြေးအုပ်ရမလို လမ်း
တွေပျောက်နေတော့၏။

"အေးပါ ထယ်ယောင်းလေးရယ်။အန်တီ အသစ်
ဖျော်ပေးရမလား..ဟင်..အေးပါ..တိတ်တိတ်"

"ဂျွန်ကလေ...သဲငယ်လေးကို..အော်တာ..
အီးး..ဟီးး..ဟင့်.."

ငိုလဲငို စားပွဲတစ်ဖက်တွင်ရပ်နေသော တုတ်တစ်ချောင်းနှင့်ဂျုံးဂုကိုလည်း လက်ညိုးလေးထိုးပြ၍ တိုင်‌ပါသေး၏။

"တိတ်စမ်း!!"

ဂျုံးဂု ခုနကမှ အနောက်ကသွားချိုးလာ
သော အစိမ်းရောင်တုတ်ချောင်းလေးအားမြှောက်ပြ၍ ကြိမ်းတော့ အမေ့နောက်ပြေးကပ်ကာ မျက်လုံးနှစ်လုံးသာဖော်ကြည့်သည်။

"ဟဲ့...သားအဲ့တုတ်ကိုဘယ်ကချိုးလာတာတုန်း။သားငယ်ငယ်တုန်းကတောင်မေမေကသားကိုတုတ်နဲ့ ရိုက်ဖူးတာမဟုတ်ဘူး။လွှင့်ပြစ်လိုက်စမ်းပါအေ။ကလေးကြောက်သွားဦးမယ်။"

မီဂျိုက ထယ်ယောင်းကိုကာထား၍
တရှူးရှူးဖြင့် စိတ်ဆိုးနေသော ဂျုံးဂုအား ပြောလိုက်သည်။

"ဝုတ်တယ်..တီတီ..ဟင့်။သဲငယ်လေးအခုတောင်အရမ်းကြောက်နေပြီ"

မီဂျိုအားမျက်ရည်အပြည့်ဝိုင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်သနားစဖွယ်
ရုပ်လေးလုပ်ကာမော့ကြည့်နေသော ဘေဘီထယ်ကြောင့် ဂျုံးဂုဟက်ခနဲပင်တစ်ချက်ရယ်မိသည်။ဖြစ်ရလေ။မေ့မေ့နားကပ်ပြီး အင်နိုးဆင့် ဆန်ပြနေ
တာ အမွှေစိန်က။ကျွန်တော့်ဘက်ကလဲတစ်ပြားမှမလျှော့နိုင်ဘူး ဒီစည်းမရှိကမ်းမရှိဟာလေးကိုမှတ်သွားအောင်ကိုဆုံးမရမှာ။ကျွန်တော့်ခံတွင်းသန့်ဆေးဗူးထဲ နှာခေါင်းသန့်ဆေးတွေထည့်ပြီး။
နှာခေါင်း သန့်ဆေးဗူးထဲ သန့်စင်ခန်း ဆေးတဲ့ဆပ်ပြာ အဆီတွေထည့်သွားတာ မဆူပဲနေစရာလား။တုတ်နဲ့ကိုချပြစ်မှာ။

Bad Baby(complete)Donde viven las historias. Descúbrelo ahora