အထက်တန်းဒုတိယနှစ်
လမ်းတစ်လျှောက်လုံး နှင်းတွေ ဖုံးအုပ်နေကာ အဖြူရောင်ကမ္ဗလာ
ခင်းကြီးကဲ့သို့ ဖွေးဖွေးဖြူနေသည်။
လမ်းလျောက်၍ခြေတစ်ခါချတိုင်းနှင်း တွေအောက်ခြေမျက်စိထိနစ်ဝင်သွားတာကလဲအလွန်ပင်ပျော်စရာကောင်းနေပြန်၏။ထယ်ယောင်း လွယ်အိတ်ကြိုးအား
ဆုပ်ကိုင်ရင်း ခေါင်းမော့၍ မျက်နှာထက်
ကျလာမည့် နှင်းစက်များအားခံယူလိုက်
သည်။အေးစက်စက်နှင်းပွင့်လေးများကိုထယ်ယောင်းမျက်နှာထက်တစ်စက်ပြီးတစ်စက်"ထယ်ယောင်း!"
ပခုံးထက်သို့ရောက်လာသည့်လက်တစ်ဖက်ကြောင့်လေးခနဲဖြစ်သွားသော ပုခုံးတစ်ဖက်နှင့်အတူ ထယ်ယောင်းလည်းအနည်းငယ်ယိုင်သွားသည်။ထယ်ယောင်း သွားဖြူတန်းများ ပေါ်သည်အထိပြုံးလိုက်သည်။
"ဂျီမင်"
"ဘာရပ်လုပ်နေတာလဲ..ကျောင်းထဲမ၀င်
ပဲနဲ့""နှင်းတွေကျတာလှလို့ပါ..ယွန်းဂီရော"
"ရှေ့ကအရင်ဝင်သွားပြီ"
"ဟုတ်လား...ဒါဆိုငါတို့လဲသွားကြစို့
အထက်တန်းဒုတိယနှစ်ကို ပျော်
ရွှင်စွာ အစပြုကြမယ်""Ok.. let's go"
.
.
.
.ထယ်ယောင်း နှင့် ဂျီမင်ထုံးစံအတိုင်း
ဘောပင်လုရာမှ ရန်ထဖြစ်ကာ
တစ်ယောက်တစ်ချက် တစ်ဖက်ဖက်နှင့်
ရိုက်နေကြသည်။"ရား..ငါနာလာပြီနော် ပက်ဂျီမင်"
ပြောလဲပြော ဂျီမင်၏ ခေါင်းအား ပေတံ
စောင်းဖြင့် ခွပ်ခနဲလှမ်းခေါက်သည်။
ဂျီမင်နာလို့ထအော်သောအခါ စားပွဲပေါ်
ခေါင်းမှောက်၍ အိပ်နေသော ယွန်းဂီက
ထလာသည်။"မင်းတို့ ပါးစပ်ပိတ်ထားကြတော့..
ငါမျောက်တောထဲရောက်နေသလိုပဲ။
ဆူညံနေတာပဲ"ထိုအခါ ဂျီမင်ရော ထယ်ယောင်းပါ
ယွန်းဂီအား စာအုပ်ဖြင့်ထုရန် ပြင်လိုက်
စဉ် ဆရာမ ၀ငျလာ၍ ငြိမ်ကျသွား
သည်။"ကဲ..အားလုံးမိတ်ဆက်ပေးစရာရှိတယ်
ကျောင်းသားသစ်ရောက်လာတယ်။
သားနာမည်ကို မိတ်ဆက်ပေးလိုက်နော်"