zawgyi
"ခွီး..."
အောင့်ထားသည့်ကြားမှထွက်လာသော
ရယ်သံကြောင့် ဂျုံးဂုတစ်ယောက်ရှေ့မှ ရိုစ်ကို အားနာစွာကြည့်မိသည်။
အရမ်း ရယ်ချင်နေသည်ကို အောင့်ထားရ၍ ထွက်လာသောအသံကို နူတ်ခမ်းကိုက်ကာ ထိန်းနေသူအားအသံထပ်မထွက်စေရန် ဂျုံးဂု တံတောင်ဖြင့် တို့၍မျက်လုံးပြူးပြ လိုက်သော်လည်း ကာယကံရှင်
မှာတော့ ပြူးပြ ပြဲပြ နေသည်ကို ဂရုမစိုက်စွာခေါင်းစောင်း၍ ပုခုံးတွန့်ပြလေ၏။အမွှေစိန်၏ တစ်ခွိခွိ ရယ်သံကြောင့် ရှေ့မှ ယောက်ျားကေ နှင့် ဆံဝါ မဒီသည်လည်း မျက်စိမျက်နှာပျက်လို့။
မနေ့က မှ အလိပ်အခွေတွေဖြင့် ခါးနားဝဲ၍ လှနေသောဆံပင်အဝါရောင်ဟာ ဘေဘီထယ် လက်ချက်ကြောင့်ဒီနေ့တော့ တိုနန့်နန့် ဖြစ်သွားရရှာသည်။"ရိုစ်, မနေ့ကမှ အမရဲ့ဆံပင်တွေက အရှည်ကြီးရှိနေ
တာကို ခုဘယ်လိုဖြစ်ရတာလဲဟင်"အံမယ် ... သူမွှေတာကို မသိချင်ယောင်ဆောင် innocence ရုပ်နဲ့မေးနေတာ လုံးဝအကယ်ဒမီရှော့ဗျား။မျက်နှာထက်က စိတ်မကောင်းဟန်အပြည့်နှင့် မျက်ဝန်းများကိုကြည့်၍ ဂျုံးဂု ခပ်ဟဟသာရယ်မိသည်။
"မသိပါဘူး..ထယ်ယောင်းရယ်။မနေ့ကအိမ်ပြန်ရောက်
လို့ ဆံပင်ဖြီးကာမှ ပီကေကြီးကပ်နေတာတွေ့တာ။
အပေါ်ယံကပ်တာမဟုတ်ဘဲ..အတွင်းထဲထိကပ်လိုက်
လို့ ဆံပင်တွေညပ်ပြစ်လိုက်ရတယ်။""အော်..နှမြှောစရာကြီးနော်"
ပြောနေသူနှစ်ယောက်ကတော့မသိ ဂျုံးဂုကတော့ ထိုနှစ် ယောက်ကိုကြည့်၍ ရယ်ချင်လာမိသည်။ဘေဘီထယ်ကို
ကျောင်းပြီးရင် သရုပ်ဆောင်ပဲလုပ်ခိုင်းလိုက်ရမလား။စိတ်ထဲမှာလည်း ဘေဘီထယ်ကိုအိမ်မှာမထားခဲ့မိ၍ နောင်တအကြီးအကျယ်ရနေမိပြန်သည်။"ရိုစ်..ကျွန်တော်တို့အလုပ်ကိစ္စဆက်ဆွေးနွေးရအောင်"
ဂျုံးဂုက စကားဝင်ဖျက်မှသာ အလာဘသလာဘပြောနေသော နှစ်ယောက်မှာ
စကားစပြတ်တော့၏။မဟုတ်ရင် သူတို့၂ယောက်နဲ့ပင် မိုးချုပ်မဲ့ကိန်း။"ဟုတ်ကဲ့..ဂျုံးဂု"
"ကျွန်တော်က ရိုစ်တို့ကုမ္ပဏီရဲ့ ကမ်းလှမ်းမူကိုလက်ခံပါတယ်။ရှေ့လျှောက် အတူတူလက်တွဲကြတာပေါ့"