နေရောင်လဲပျောက်ကွယ်၍ ညအချိန်
သို့ ရောက်ခဲ့ပြီ။နီယွန်မီးသီး၏အလင်း
ရောင်များကလဲ ပက်၀န်းကျက်တစ်ခွင်
လင်းထိန်နေလျှက် အေးစိမ့်မူကလဲ
တဖြည်းဖြည်းပိုတိုး၍သာလာနေသည်။ထယ်ယောင်းကတော့ ပက်၀န်းကျင်
ကိုဂရုစိုက်ဖို့အသာထား သူ့ရှေ့မှ အိတ်ထဲ
ရှိ ပစ္စည်းများအား မကျန်ခဲ့စေရန်
စစ်နေသည့် လူကြီးကိုသာ ခပ်ဆွေး
ဆွေး ငေးနေမိသည်။ပစ္စည်းများ စုံ
၍ အိတ်အား ပိတ်လိုက်ပြီဖြစ်သော
လူကြီးနားသို့ထယ်ယောင်းသွား၍
မက်တပ်ရပ်တော့ သန်သန်မာမာ
လက်မောင်းများဖြင့်ဆွဲဖက်ကာ
ရင်အုပ်ကျယ်ကျယ်ထက် မျက်နှာ
အပ်စေသည်။ထို့နောက်မှ ထယ်ယောင်း၏
ဆံပင်ပျော့ပျော့လေးများကိုငုံ့နမ်း၍"ကျန်းမာရေးဂရုစိုက်..စိတ်ချခဲ့မယ်..
ချစ်တယ်""အင်း..ဂျွန်လဲ ဂရုစိုက်...ချစ်တယ်လို့
ပြောဖို့လိုသေးလား?""လိုတာပေါ့"
"ချစ်တယ် အများကြီး"
ထိုအခါ နဖူးထက် အနမ်းတစ်ချက်ခြွေ
ချ၍ အောက်တွင်စောင့်နေသောကား
ထက် တက်သွားသူအား နောက်ဆံ
မတင်းစေရန် နှစ်နှစ်ကာကာပြုံးပြ
၍ လက်ပြမိသည်။လိုက်ပို့ချင်ပါ
သော်ငြား အအေးဓာတ်လွန်ကဲနေ
သော ရာသီဥတုကြောင့် အကဲပိုသူ
ကြီးက လေဆိပ်ကိုလိုက်ခွင့်မပေး။
ကိုယ့်မှာ တစ်ဖြည်းဖြည်းပျောက်
ကွယ်သွားသောကားအား လွမ်းလွမ်း မောမောငေးရင်းမျက်ရည်မကျခင် သက်ပြင်းချ၍ အိမ်ထဲ၀င်ခဲ့ရသည်။ဒီတစ်ခါတွေ့ပြီးရင်ဘယ်နှစ်ခါတောင်
ထပ်ပြီးဝေးရဦးမှာလဲ။လူတစ်ယောက်ကိုချစ်ရတာ
ပင်ပန်းတယ်။ချစ်ရလို့ပင်ပန်းတာထက်
ချစ်လျှက်သားနဲ့ခွဲနေရတာပို
ပြီး ပင်ပန်းတယ်။
🍃 🍃.
.
.
.ကျောင်းလမ်းချယ်ရီပင်များထက်၌ချယ်ရီပန်းများလည်း ခဲနေအောင်ပွင့်နေခဲ့ပြီ။လမ်းမကြီးတွေလည်း
အရင်လိုနှင်းတွေနဲ့ ဖုံးအုပ်မနေတော့
သလို အပင်များထက်မှကြွေကျနေသော အနီရောင် မေပယ်လ် ရွက်တွေ
ကလည်း လမ်းအနှံ့ လှပစွာပြန့်ကျဲ
နေပြီ။သစ်လွင်လှပလျှက်ရှိသောနွေဦးနှင့်အတူ ထယ်ယောင်းလည်း ဘွဲ့ယူရန်
နောက်ဆုံးနှစ်စတက်နေခဲ့ပြီဖြစ်ပါသည်။