"ကောင်းလိုက်တာ စာမေးပွဲပြီးသွားပြီ"
ထယ်ယောင်း ကပြော၍ ကျောင်းထဲမှခုန်ပေါက်ကာထွက်လာ၏။စာမေးပွဲ ပြီး၍ ခုန်ဆွ ခုန်ဆွဖြစ်နေသောဂျီမင်အားထယ်ယောင်းပြုံး၍ကြည့်သည်။ယွန်းဂီကတော့ ခပ်တည်တည်ပင် ဘေးမှလျှောက်နေ ပြီး
တစ်လမ်းလုံး ယွစိတက်နေသော ထယ်ယောင်းကိုသူ့ရဲ့မျက်လုံးမှေးမှေးများဖြင့် စောင်း၍ထပ်ကြည့်လိုက်သည်။လူကြားသူကြားမှာ လူလိုမလျောက်ဘူး ယွစိတက်နေတာပဲ ဂျွန်ဂျုံးဂုမို့လို့ ဒင်းကိုကြိုက်တာ။
ယွန်းဂီက တိတ်တဆိတ်တွေး၍ ခေါင်းကိုမသိမသာရမ်းလိုက်သည်။
တည်ငြိမ်မှုကိုမရှိဘူးတစ်ကယ်..တစ်ကယ်။
"ထယ်ယောင်း တစ်နေရာလောက်သွားရအောင်"
ဂျီမင်က ထယ်ယောင်း၏လက်ကိုခို၍ပြောလြိပ်သည်။
"ဘယ်လဲ"
"ကစားကွင်း"
ယွန်းဂီတစ်ယောက် မိမိနားမှမျောက်နှစ်ကောင်နှင့်ကစားကွင်းသွားရင်ဖြစ်လာမည့်မိမိအနာဂတ်ကို ပုံဖော်ကြည့်လိုက်သည်။
မဖြစ်ဘူးး...
"တော်စမ်းဘာ...မသွားဘူး"
ထယ်ယောင်းနှင့်ဂျီမင်ကတစ်ကိုယ်လုံးတွန့်ခါနေ၍ ခြေဆောင့်ကာ
"ဘာလို့လဲ ယွန်းဂီကလဲ..ငါတို့သွားချင်တယ်"
"မသွားဘူး moonlight ကိုသွားမယ်။အပေါ်ထပ်မှာ အေးအေးလေးနဲ့ ကော်ဖီပဲထိုင်သောက်ချင်တယ်"
ထို့နောက် ယွန်းဂီ၏ ပြိုင်ကား အနီလေးပေါ်၌ကစားကွင်းမသွားရ၍ စူပုတ်ကောက်ချိတ်နေသောမျက်နှာ ဖြင့် မျောက်ပေါက်စနှစ်ကောင် ပါသွားလေသည်။
"black coffeeတစ်ခွက် ၊ ice coffee
နှစ်ခွက် ညီလေး"ယွန်းဂီက black coffeeပူပူအား မူတ်၍
စတိုင်ကျစွာသောက်နေပြီး ထယ်ယောင်းနှင့်ဂျီမင်ကတော့ ice coffeeအား တပြွတ်ပြွတ်အသံထွက်သည်အထိ စုပ်သောက်နေ၏။ယွန်းဂီ မိမိရှေ့မှ ကစားကွင်းမှာသွားမတော့ရ၍ စုံစွမ်ိထိုင်ဆော့နေသော
ကလေးမဟုတ် ဘာမဟုတ် နှစ်ကောင်
အား စိတ်ပျက်စွာကြည့်ရင်းခေါင်းခါလိုက်မိပြန်သည်။