လေဆိပ်၌ဖြစ်၏
ထယ်ယောင်း နှင့် ဟိုဆော့တို့နှစ်ဦးလုံး
မကြာခင်လေယဉ်ပေါ်တက်ရတော့မည်။"ထယ်ယောင်း..ဟိုမှာ ဂရုစိုက်နော်.."
ဂျီမင်ကတော့ဘေးမှ ဂရုစိုက်ရန်နှင့်
ဂျပန်ရောက်လျှင် ဖုန်းဆက်ရန် သာတစ်တွတ်တွတ်မှာနေ လေ၏။
မိဘများကတော့ လေဆိပ်ထိလိုက်
ပို့ပြီး ပြန်သွားကြပြီဖြစ်သည်။ယွန်းဂီနှင့် ဂျီမင်တို့နှစ်ဦးသာ ထယ်ယောင်းတို့ နားတွင်ကျန်ခဲ့ လေသည်။"အကို ဂျုံးဂုက မလာဘူးလား"
လှမ်းမေးသော ယွန်းဂီအားထယ်ယောင်း
ခပ်ယဲ့ယဲ့သာ ပြုံးပြမိသည်။"အလုပ်ကိစ္စအရေးကြီးလို့..လိုက်မပို့နိုင်
ဘူးလို့ပြောတယ်""ငါတို့သွားတော့မယ်"
လက်မှက်များစစ်ပြီးသည်နှင့် နှစ်ဦးစလုံး
လေယျာဉ်ထက်တက်ကာ ကိုရီးယားမြေအားေကျာခိုင်းခဲ့ကြတော့သည်။ည ၉နာရီခွဲ
ဂျုံးဂု ကားပေါ်တွင် ထိုင်နေရင်း လက်မှ
နာရီအား ငုံကြည့်လိုက်သည်။
သူလေးပါတဲ့လေယဉ်ထွက်သွား
ပြီပေါ့။အပြာရောင်ကောင်း
ကင်ကြီးအား လွမ်းလွမ်းဆွေးဆွေးမော့ငေးနေပြီးမှ စိတ်ကိုအတက်နိုင်ဆုံးလျှော့ချကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။လေးနှစ်ကခနလေးပါပဲ အဆင်ပြေမှာပါ။
လေဆိပ်ကိုလိုက်ပို့ချင်သော်လည်း
မျက်လုံးပေါင်းများစွာကြောင့်သူ့
ကလေး စိတ်ပင်ပန်းလိမ့်မည်။နုနယ်
သောဆယ်ကျော်သက်အရွယ်
တွင် ဆေးမှင်ရည်တစ်စက်
ပင်မစွန်းစေရပဲဘ၀နှင့်ရင်း၍ ကာကွယ်
ပေးချင်၏။နူတ်ဆက်ချိန်ရောက်၍ လျှံကျ
လာမည့် မျက်ရည်ပုလဲနှစ်သွယ်အားလည်းမမြင်ရက်။ခရီးတစ်ခုကို အငိုမျက်လုံးများ
ဖြင့်လဲမသွားစေချင်။သူလွမ်းသည်။ယခုခနလေးတောင်
လွမ်းသည်။ပြေး၍ဆွဲထားချင်သည်။
မသန့်ရှင်းတဲ့လောကကြီးမှာ အများ
အမြင်ထက်ထူးခြားနေတဲ့ အချစ်တစ်
ခုအတွက် သည်းခံရမှာတွေများလွန်း
သည်။တစ်ခုသာ မျော်လင့်ချင်သည်။