🌞.
ဂျုံးဂုတို့၏အိမ်နောက်ဖေးတစ်ခုလုံးဟင်းရနံ့များပြည့်လျှံနေလျှက်ဒေါ်မီဂျိုသည်
လည်း အေပရွန်ကြီးတစ်ကားကားဖြင့်
လက်မလည်အောင် အလှုပ်ရှုပ်နေ၏။
သူမ၏ဘေးတွင်လည်း မချက်ရသေးသည့် လှီးဖျက်ပြီးသား အရွက်များ အရသာနယ်ထားသည့်အသားများကလည်စီစီရီရီရှိနေလေ၏။ခနနေတော့ နောက်ဖေးသို့ ဆွန်းအို့ရောက်လာကာ ချွေးတစ်လုံးလုံး
ဖြင့် အလုပ်ရှုပ်နေသော သူမ၏ သူငယ်ချင်းဖြစ်သူဒေါ်မီဂျိုအား
သူမပါ ၀င်ကူတော့သည်။"မီဂျိုရယ်..ဘာလို့ဟင်းတွေ အများကြီး
ချက်နေတာလဲ..ပင်ပန်းအောင်လို့""ငါ့ရဲ့ဘေဘီထယ်လေးအတွက်လေ..နင်
ကလဲ အိမ်မှာတစ်ယောက်ထဲဦးဆောင်
နေရတော့ ထယ်ယောင်းစားချင်သမျှ
ဘယ်လုပ်ပေးနိုင်မလဲ။နင့်ဘာသာ
တောင် တစ်ခါတစ်လေ ကုမ္ပဏီမှာ
ရယ်ဒီမိတ်ထမင်းဘူးနဲ့နှစ်ပါးသွား
နေရတာ။အခု လူစုံတုံးလေး ကောင်း
ကောင်း မွန်မွန် စားစေချင်လို့ပါ"ဆွန်းအို့ ဟင်းပွဲတွေယူသယ်နေရင်းမှ
ချွေးပြိုက်ပြိုက်ကျနေသော သူမသူ
ငယ်ချင်းအား ကြည့်ရင်း အစိမ်းကြော်ကြော်နေရင်းနှင့်ပင်သဘောကျ
စွာ အသံထွက်ရယ်မိသည်။"အေးပါ..စေတနာကို ကျေးဇူးတင်ပါတယ်။အခုတော့နင်ရေ
အရင်သွားချိုးတော့..ဟုတ်ပြီလား။
ငါ ဟင်းတွေစားပွဲပေါ်ချထားပေးမယ်""အေးပါ..ဆွန်းအို့..လေးထောင့်စားပွဲအပု
လေးခင်းပြီးချနော်...ကတ္တီပါ လေးထောင့် အခင်းလေးလဲခင်း..
သိလား""အေးပါ.."
"အောက်မှာပဲ ထိုင်ပြီး ပေါ့ပေါ့ပါးပါး
စားကြမယ် ဂျပန်စတိုင်လေး""ဟုတ်ပါပြီ..ရေသွားချိုးပါတော့"
ထို့နောက်မှ ချွေးတလုံးလုံးဖြင့်အပေါ်တက်သွားသည့်သူငယ်ချင်းမကိုကြည့်၍ ပြုံး
နေမိကာ ဟင်းပွဲများချရန်စားပွဲခုံခင်းလိုက်တော့သည်။
.
.
.
.
.ထယ်ယောင်းအိပ်ရာထက်လူးလှိမ့်ရင်း
အနဲငယ် အေးသည်ဟုခံစားရ၍
စောင်အား လှမ်းဆွဲလိုက်သည်။
သို့သော်စောင်ပါမလာပဲ စောင်လှမ်းယူ
သောသူ့လက်အား ဖမ်းဆုပ်လိုက်သော
အခြား လက်တစ်ဖက်ကြောင့်
ထယ်ယောင်းမျက်လုံးများပွင့်သွားရ
သည်။