Part-12(Unicode)

4K 241 21
                                    


ကိုဆက်လက်ပေါ်မှာတင် ပြန်သတိရလာပြီဖြစ်သည့် အန်တီလင်းလက်သည် ကိုဆက်ကိုမကောင်းဆိုးဝါးတစ်ကောင်သဖွယ် အနားသို့အကပ်မခံပဲတွန်းလွတ်သည်။

ပြီးတော့အစတုန်းကသူ့ကိုဆို သားတစ်ယောက်သဖွယ်ဂရုဏာသက်ဖွယ်မျက်ဝန်းတွေနှင့်ကြည့်သည့်ကိုကို့အမေဟာ အခုတော့ အစိမ်းရောင်မျက်ဝန်းတွေနှင့် စိုက်ကြည့်လာသည်။

"ထွက်သွား ငါနင့်မျက်နှာကိုမမြင်ချင်ဘူး၊ငါ့သားက နင့်ကြောင့် နင်မြူဆွယ်လို့ငါတို့ရဲ့ အေးချမ်းတဲ့မိသားစုလေးကို နင်လာဖျက်ဆီးခဲ့တာ..ထွက်သွား..နင့်လိုယောကျာ်းတစ်ယောက်ကိုငါ့သားကကြိုက်မယ်တဲ့လား ဟက်!ခနတာ သာယာသွားခဲ့တာ။ဟုတ်တယ်။နင့်ဘက်က အရမ်းပေးကမ်းနေလို့သာယာခဲ့တာ ဆွေးမရှိလို့ပါ။အခုဆွေးလေးပြန်ရောက်လာပြီမို့ ငါ့သားကမင်းကိုချစ်မှာ မဟုတ်တော့ဘူး။မင်းငါ့သားနဲ့ ဝေးဝေးနေ‌ပေးပါ‌ ခွင်းရန်ရှင်း။နင့်အပေါ်ပေးခဲ့တဲ့မေတ္တာတရားတွေကို ကျေးဇူးဆပ်ချင်ရင်ငါ့သားအနားက ထွက်သွားပေးပါဟယ်။ငါရှိခိုးပြီးတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်"

အန်တီလင်းလက်သည် ကိုဆက် ရင်ခွင်ထဲကထွက်လာပြီး ရှင်းအရှေ့မှာ ဒူးထောက်ထိုင်သည် ။ဆူညံ့သံတွေကြောင့် ဘေးအိမ်တွေကလည်းအိမ်ရှေ့မှာ ကွက်ကြည့်နေကြကုန်ပြီ။

ကိုဆက်သည်ထိုင်နေရာမှ ထပြီးကျွန်တော့ရှေ့က ကွယ်ရပ်လိုက်သည်။

"ညီ့ကို အပြစ်မတင်ပါနဲ့မေမေ၊ကျွန်တော်ကိုယ်တိုင်က ညီ့ကိုတကယ်ချစ်ခဲ့တာပါ။ညီက ကျွန်တော့်အတွက် ခနတာအပျော်မဟုတ်ဘူးမေမေ။ဆွေးမရှိတာနဲ့ ညီ့အပေါ် သာယာသွားတယ်ဆိုပြီးပြောတာက မေမေ သားသိက္ခာတွေကို မြောင်းထဲသွန်ချလိုက်တာပဲ သားက ကာမတရားလိုက်စားတဲ့ကောင်မဟုတ်ဘူးမေမေ။ပြီးတော့ မကောင်းဆိုးဝါးတစ်ကောင်လည်းမဟုတ်ဘူး။ဒီအတိုင်း သန့်သန့်ရှင်းရှင်းနဲ့ ချစ်ကြတာပါ"

ကိုဆက်လက်မောင်းတစ်ဖက်ကို အားယူကိုင်ရင်း ကျွန်တော်အိမ်ရှေ့ကလူတွေဘက်သို့ ငေးကြည့်မိသည်။ထိုလူတွေရဲ့မျက်ဝန်းတွေကကျွန်တော့်တို့ကို မနစ်မြို့သလို စက်ဆုပ်ရွံရှာသလိုသူတို့ရဲ့စကားသံများကလည်း။

ကြယ်​ကြွေရင်ခုန်သံ (UN&ZG)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin