Part-6 အချစ်၏ပထမအစ

13.7K 678 12
                                    

(Zawgyi)
"ဂျင်းသခင်မလေးးးးး!!!!"

တွေ့တွေ့ချင်းအော်ဟစ်ပြေးဖက်သော ကျင့်ရီကြောင့် ကျန်းချန်၏မျက်နှာ ကွက်ခနဲမဲသွားသည်။ခရမ်းရောင်များပင်တောက်ထလာသယောင်ယောင်..

"ကျင့်ရီ! မင်းငါ့ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်မလား!! ဖယ်စမ်း! ငါ့ပေါ်ကအခုဖယ်!"

"မတွေ့ရတာကြာလို့ လွမ်းနေတဲ့ဟာကို မဖယ်ဘူးး"

ကျင့်ရီအတင်းဖက်ထားတာတာကြောင့် ရန်တွေ့ကာအော်ဟစ်နေသော ဂျင်းလင် .. သူတို့၂ယောက်ကိုကြည့်ပြီးရယ်နေသောစစ်ကျွေး..။

မရယ်နိုင်သည်က ကျန်းချန်..။သူ့တူကိုအမဲဖြတ်နေသည်မှာမြင်မကောင်း..ဇီထျန်ကိုဆွဲကာ ၃ယောက်ကြားရိုက်ထည့်ပစ်ချင်လာသည်။

"ကျန်းချန်ရာ..စိတ်လျှော့ ကလေးတွေဆော့ပါစေ..လာလာ ငါတို့အထဲသွားရအောင်လေ မင်းငါ့ကိုမလွမ်းဘူးလား??ဟမ် ငါကမင်းအကိုတော်ချောချောလေးလေ မလွမ်းဘူးလား??"

"ကျစ်..ဝေ့ဝူရှန့်!လွမ်းစရာအကြောင်းမှမရှိတာ မင်းမျက်နှာမြင်ရင်ကို နုတ်နုတ်စဉ်းပြီးခွေးစာကျွေးပစ်ချင်တာ! "
ခွေးလို့အသံကြားတာနဲ့တစ်ပြိုင်နက် ဝေ့ရင်းလန်ကျန့်နောက်သို့ရောက်သွားတော့သည်..။

"လန်ကျန့် လန်ကျန့် တွေ့လား ကျန်းချန်ကငါ့ကိုခွေးစာကျွေးပစ်မယ်တဲ့ သူငါ့ကိုမချစ်တော့ဘူး လန်ကျန့်"

"အင်း ငါချစ်တယ်"အနောက်မှာသူ့ဝတ်ရုံစကိုဆွဲကာ တိုင်နေသောဝေ့ရင်းကိုငဲ့ကြည့်ရင်း သေချာထပ်ဖြေသည်..။

"သူမချစ်လည်းငါချစ်တယ်"

"~~လန်ကျန့်ရာ~~"
"ငါလည်းချစ်တယ် လန်ကျန့်"

ခဏလေးအတွင်း အကြည်စိုက်လာသော ဂယက်အတွဲကိုကြည့်ရင်း ကျန်းချန်သူ့မျက်လုံးတွေကိုသူနှိုက်ထုတ်ခွေးကျွေးချင်လာသည်..။

"လာဟ! ဝေ့ဝူရှန့်နဲ့ သူ့အမျိုးသားကောင်းကြီးလန်ဝမ်ကျီ !အပြင်မှာပဲ တဲထိုးနေချင်ရင်နေတော့!"

"ကျန်းချန် ! ကျန်းချန် ငါတို့လည်းဝင်မယ်လေ !လာလေ လန်ကျန့် ဝင်ကြမယ်"

Uncle Jiang will Scold us!Where stories live. Discover now