Part-21 ဇာတ်သိမ်း

13.5K 576 51
                                    

(Zawgyi)

ကူစူးလန်သို့​ရောက်လာ​သော ကျန်းဂိုဏ်းချုပ်၏မျက်နှာသွင်ပြင်က ခက်ထန်​နေသည်..။တစ်ချိန်ထဲမှာပင်ရှက်​သွေးဖြာ​နေသည်..။

"ဦးရီး​​တော်.."

"ဂျင်းလင်! မင်းငါ့ကို မျက်နှာပျက်ရ​အောင်လုပ်တာပဲ! မင်းက ဂျင်းဂိုဏ်းရဲ့ဆက်ဆံသူ!ကျန်းဂိုဏ်းချုပ်ရဲ့ တူ! အဲ့တာကို မင်းက ဒီလို ကိစ္စမျိုးဖြစ်​အောင်လုပ်တယ်​ပေါ့​လေ !ဟုတ်လား ဂျင်းလင်!!မင်းကို ငါ အရိုးညက်ညက်​ကြေ​အောင်ရိုက်လိုက်ရမလား ဟမ်!!"

ကျန်းချန် ​ဒေါသနှင့်​အော်​​နေသည်ကို ဂျင်းလင်..စစ်​ကျွေးနှင့် ကျင့်ရီတို့မှလွဲ၍ လန်ဝမ့်ကျီးနှင့် ​ဝေ့ရင်းတို့က အ​ရေးပင်မစိုက်..ကျန်းချန်အ​နောက်မှ ဝင်လာ​သော လန်ရှီးချန်ကိုသာ နှုတ်ဆက်​နေကြ​တော့သည်..။

လန်ရှီးချန်က ​ဒေါသထွက်​နေ​သော ကျန်းချန်၏ ပုခုံးကိုလှမ်းကိုင်လိုက်ကာ...

"ဝမ်ရင်..မင်္ဂလာရှိတဲ့​နေ့မှာ ​ဒေါသမထွက်ပါနဲ့​တော့..က​လေး​တွေပဲ ခွင့်လွှတ်​ပေးလိုက်ပါ.."

"မင်္ဂလာရှိတဲ့​နေ့..?" ဂျင်းလင်က ပြန်​မေး​​တော့ ကျန်းချန်မျက်နှာရဲတတ်လာသည်..။

လန်ဝမ့်ကျီးကပါ လန်ရှီးချန်ကိုပြန်​မေးလာသည်..။
"အကို​တော်..မင်္ဂလာရှိတဲ့​နေ့ဆိုတာ..ဘာကိုဆိုလိုတာလဲ.."

"အဲ့တာက ဝမ်ရင်နဲ့ငါနဲ့..."
"လန်ဟွမ်.." လန်ရှီးချန်​ပြောလို့မပြီး​သေးခင်ပင် ကျန်းချန် ရှက်ကာ လှမ်းတားလိုက်သည်..။ လှမ်းတားလိုက်​သော ကျန်းချန်ကို လန်ရှီးချန် ရင်ခွင်ထဲထည့်လိုက်​တော့ အံ့သြကာ ပါးစပ်အ​ဟောင်းသားဖြစ်သွား​တဲ့ က​လေး သုံး​ယောက်..။ဝေ့ဝူရှန်းက ငြိမ်​​နေရာမှထ​အော်လာသည်..။

"ဂုဏ်ယူပါတယ် လန်ဂိုဏ်းချုပ်..​နောက်ဆုံး​တော့ လူတကာ​ကြောက်ရတဲ့ ကျန်းဂိုဏ်းချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီ​ပေါ့..ဟားဟား"

"တိတ်စမ်း! ​ဝေ့ဝူရှန်း!"
"သူ​ပြောတာလည်းမှန်တာပဲ​လေ..မင်းက ကိုယ့်အပိုင်..ကိုယ်ကမင်းအပိုင်ပဲ ဝမ်ရင်.."

ကျန်းချန်စကားဆက်မ​​ပြောနိုင်​တော့..ရှက်၍သာ​ခေါင်းငုံ့​​နေ​တော့သည်..။

Uncle Jiang will Scold us!Nơi câu chuyện tồn tại. Hãy khám phá bây giờ