(Zawgyi)
"ဟန်ကွမ်းကျွင်း????"ဂျင်းလင် နောက်မှ မားမားမတ်မတ်ရပ်နေသော ဟန်ကွမ်းကျွင်းရယ်ပင်...။
"ဟန် ဟန်ကွမ်းကျွင်း က ဒီ..ဒီကိုဘယ်လို.."
"လန်ဟွမ်!! လွှတ်စမ်း!! ကျွန်တော် အဲ့ကောင်လေးကို သတ်ရမှဖြစ်မှာ!!!"
ဂျင်းလင်လှည့်ကြည့်လိုက်တော့ သူ့ဆီဦးတည်ကာ ကြိမ်းဝါးနေတဲ့ ဦးရီးတော်ကျန်း နှင့် အနောက်မှသိုင်းဖက်ကာတားနေသော ဇယ်ဝူကျွင်း..။
"လန့်မနေနဲ့..ဇယ်ဝူကျွင်း ကျန်းချန်ကို အသာလေး ထိန်းနိုင်တယ်..သူ့ချစ်ချစ်ကြီးကို ဟားဟား"
"ဟင် ဝေ့သခင်လေး???"
ဟန်ကွမ်းကျွင်းအနောက်မှရယ်သံနှင့်အတူ ဝေ့ဝူရှန်း ထွက်လာတော့ ဂျင်းလင် ပိုပိုလန့်လာသည်..။ ပြေးပေါက်မရှိတော့ ..တစ်ဖက်မှာ ဟန်ကွမ်းကျွင်းနှင့် ဝေ့သခင်လေး..နောက်တစ်ဖက်မှာတော့ ဇယ်ဝူကျွင်းနှင့် ဦးရီးတော်..။
"မလန့်ပါနဲ့ ငါတို့နဲ့လိုက်ခဲ့...စစ်ကျွေးနဲ့ ကျင့်ရီကတောင်အောက်မှာလား..မင်းဦးလေး စိတ်ဆိုးပြေတဲ့အထိ ကူစူးမှာလိုက်နေ..လာ လာ.."
ဝေ့ဝူရှန်း ဂျင်းလင်ကိုလက်ဆွဲခေါ်တော့ ဂျင်းလင်မျှော်လင့်ချက်ရသွားသည်..။ဟန်ကွမ်းကျွင်းကိုလှည့်ကြည့်တော့လည်းခေါင်းညိတ်ပြသည်မို့..လိုက်ရန်ဆုံးဖြတ်လိုက်သည်ပင်..။
"ဒါပေမယ့် ဇယ်ဝူကျွင်းကို ကျန်းချန်နဲ့ ဒီတိုင်းထားခဲ့လို့ဖြစ်ပါ့မလား လန်ကျန့်"
ကျန်းချန်ဒေါသကိုသိနေသော ဝေ့ဝူရှန်းကမေးခွန်းထုတ်တော့ လန်ဝမ်ကျီး ကျန်းချန်နှင့်အကိုတော်တို့၏ ရုန်းရင်းဆန်ခတ်အခြေအနေကိုလှမ်းကြည့်လိုက်ရင်း..
"အကိုတော် ထိန်းနိုင်ပါတယ်.."
"ဖြစ်ပါ့မလား လန်ကျန့်...ကျန်းချန်အကြောင်းငါအသိဆုံးနော်..သူ့ဒေါသက လွယ်တာမဟုတ်ဘူး.."
ဝေ့ဝူရှန်း ဇယ်ဝူကျွင်းကိုစိတ်ပူသလိုပြောတော့ ဝေ့ဝူရှန်းဘက်လှည့်ကြည့်လာသည်..။ခဏတာမျှ စိုက်ကြည့်နေပြီးမှ..

YOU ARE READING
Uncle Jiang will Scold us!
Fanfictionကျင့်ရီ စစ်ကျွေးနဲ့ ဂျင်းလင်တို့ကို 3some ရေးမှာပါ😷