(Zawgyi)
"ဘာ!?"
"လန့်လိုက်တာကျင်းလင်ရာ..ကူစူးမှာအော်ဟစ်ပြောဆိုခြင်းကို တားမြစ်ထားတယ်လေ"
"စစ်ကျွေး..မင်းတကယ်ယွင်မုန့်ကိုလိုက်သွားရမှာပေါ့ ဟုတ်လား?"
"ဟုတ်တယ် ဇယ်ဝူကျွင်းကိုယ်တိုင်ငါ့ကို ဟန်ကွမ်းကျွင်းတို့နဲ့လိုက်သွားဖို့ပြောထားတယ်"
"...."
"ဘာဖြစ်လို့လဲ ကျင့်ရီ?"
"မင်း... တစ်ယောက်တည်းလား...?"
"ဇယ်ဝူကျွင်း လွှတ်တာတော့ငါတစ်ယောက်တည်းပဲ.."
အမြဲတက်ကြွနေတတ်သော ကျင့်ရီတစ်ယောက်ငြိမ်ကျသွားသည်။အမှန်ပြောရရင် ကျင့်ရီလည်းလိုက်ချင်သည်..။ယွင်မုန့်ပွဲတော်ကြောင့်မဟုတ်။စစ်ကျွေးနှင့်တူတူသွား၍ ကျင်းလင်ကိုတွေ့ချင်ခြင်းသာ...
အလိုလိုဝိုင်းလာသောမျက်ရည်များကိုပင်သတိမထားမိလောက်အောင် ကျင့်ရီတစ်ယောက်အတွေးများသွားသည်။
"ကျင့်ရီ ..?ဘာဖြစ်တာလဲ? ကျင့်ရီ??ငိုနေတာလား??"
"ဟင်..မင်းကလည်း ငါကဘာလို့ငိုရမှာတုန်း"ကျင့်ရီ မျက်နှာသည်အရင်ပုံအတိုင်းပြန်ဖြစ်လာသည်။
"ကျင့်ရီ..ယွင်မုန့်ကိုမင်းလိုက်ချင်လို့လား?"
"ဟားဟား စစ်ကျွေးရာ ငါတို့ကျင်းလင်ကိုမတွေ့တာကြာပြီလေ ..ငါလည်းသူ့ကိုတွေ့ချင်မိရုံပါဟ"
"ဒါဆို ငါဇယ်ဝူကျွင်းကိုသွားပြောကြည့်ပေးရမလား?မင်းကိုပါခေါ်လို့ရလားလို့လေ"
"စစ်ကျွေး မင်းဇယ်ဝူကျွင်းကိုသွားပြောလို့ ရတယ်ဆိုရင်တောင် ဇယ်ဝူကျွင်းပွဲစီစဉ်တာကိုကူညီဖို့လူမရှိဘဲဖြစ်နေမှာပေါ့ကွ..မင်းသာ ကျင်းလင်ကိုငါနှုတ်ဆက်တယ်ပြောပေး"
စစ်ကျွေးတို့၂ယောက်ညခင်းအမဲလိုက်ထွက်ရန်ပြင်ဆင်နေရင်းပြောဆိုနေကြသောစကားများကြောင့် ခပ်လှမ်းလှမ်းမှရပ်နားထောင်နေမိသော ဇယ်ဝူကျွင်းတစ်ယောက်သက်ပြင်းချမိသည်။
"ဒီပုံစံအတိုင်းဆို ကူစူးလမုန့်ပွဲမှာလူရှိပါ့ဦးမလား..."
.
.
.
"ရှီးချန် မင်းဝမ်ကျီးဦးဆောင်ရမှာကိုတာဝန်ယူပေးတဲ့အပြင် စစ်ကျွေးကိုထည့်ပေးလိုက်တာတောင်လွန်လှပြီ..အခုကျင့်ရီကိုပါထည့်ပေးလိုက်မယ်ဆိုတော့ မင်းကိုကူညီဖို့လူရောရှိဦးမှာလား?ရှီးချန်ရှီးချန် မင်းကလေးတွေကိုအလိုလိုက်လွန်းတယ်"

VOCÊ ESTÁ LENDO
Uncle Jiang will Scold us!
Fanficကျင့်ရီ စစ်ကျွေးနဲ့ ဂျင်းလင်တို့ကို 3some ရေးမှာပါ😷