(Zawgyi)
မနက်ခင်းနေရောင်သည် လှပစွာပင် တစ်ဖြည်းဖြည်းတောက်ပလာသည်..။ဂျင်းလင်ကတော့စူပုပ်ပြီး ပဒုမ္မာတံခွန်သာ၏ ပင်မအဆောင်ထဲသို့ခြေလှမ်းကျဲများဖြင့်ဝင်ရောက်လာသည်..။ကျန်းချန်၊ဝေ့ရင်း၊လန်ကျန့်၊စစ်ကျွေးနှင့် ကျင့်ရီတို့ကတော့ အဆောင်ထဲတွင်အဆာပြေ သုံးဆောင်ရန် ကြိုရောက်နှင့်ပြီးဖြစ်သည်..။"ဂျင်းလင်"
ဝေ့ဝူရှန်းကလက်နှစ်ဖက်လုံးကိုဆန့်တန်းကာနှုတ်ဆက်လိုက်သော်လည်း ဂျင်းလင်ကအဖက်မလုပ်..ကျန်းချန်ထိုင်နေရာရှေ့တည့်တည့်၌သာ ရပ်နေသည်..။ကျန်းချန်ကရေနွေးကြမ်းကိုအပြီးသတ်ပြီးမှ ဂျင်းလင်ကိုကြည့်ကာ..
"ဂျင်းလင် လူကြီးတွေရှေ့မှာပိတ်မရပ်ရဘူးလို့ ငါသင်ထားတယ်လေ"
"ဦးရီးတော် ညကဘာသဘောလဲ!"
ကျန်းချန် ချက်ချင်းပြန်မဖြေ..လမုန့်တစ်ခုကိုအရင်ယူလိုက်ပြီးမှ..အေးဆေးတည်ငြိမ်စွာပြန်မေးသည်..။
"ဘာသဘောမှမဟုတ်ဘူး..ညက မင်းကြောင့်လမုန့်ပွဲတော်စဖို့နောက်ကျသွားတယ်..အဲ့တာကြောင့်မင်းကိုလျှောက်လည်ခွင့်ပိတ်လိုက်တာပဲ.."
"အဲ့တာ သူတို့ကြောင့်! သူတို့သာမ န...." ဂျင်းလင် စစ်ကျွေးတို့ကိုလက်ညှိုးထိုးကာ နမ်းသည့်ကိစ္စကိုပြောမိတော့မလိုဖြစ်သွားသည်ပင်..။
"ဘာပဲဖြစ်ဖြစ်! ဦးရီးတော် လမုန့်ပွဲတော်ကတစ်နှစ်မှတစ်ခါတည်းကို!! ကျွန်တော်လည်းလည်ချင်တာပေါ့!!"
"လည်ချင်ရင်အစကတည်းက ပြသနာမရှာနဲ့လေ!!" ကျန်းချန် ထိုင်နေရာမှ ခုံကိုလက်နှင့်ရိုက်ကာ ထလိုက်တော့ဂျင်းလင် တုန်တက်သွားသည်..။အနောက်သို့ပင်မသိမသာ ဆုတ်လိုက်မိသည်ပင်..။
"ညကမင်းလုပ်လို့ အကုန်စိတ်ပူရတယ်! ပွဲလည်းနောက်ကျတယ်!မင်း ဒဏ်ရာလည်းရတယ်!ဒါတောင် အပြင်ထွက်မလည်ရလို့ င့ါကိုအပြစ်တင်ချင်တာလား ဂျင်းလင် !!"
ဂျင်းလင် သူရဲ့ ဒေါသအိုး ဦးလေးကိုကြောက်လာသော်လည်း ကတ်ကတ်လန်ရန်တွေ့ချင်စိတ်ကမပျောက်သေး..။ညကအိမ်တော်တွင် သူနှင့်အစောင့်များသာရှိတော့ အထီးကျန်ခဲ့ရသည်..အဲ့တာကိုမကျေနပ်နိုင်
..။

KAMU SEDANG MEMBACA
Uncle Jiang will Scold us!
Fiksi Penggemarကျင့်ရီ စစ်ကျွေးနဲ့ ဂျင်းလင်တို့ကို 3some ရေးမှာပါ😷