"ဂျင်းလင်! ဂျင်းလင်!"
"ဂျင်းဂိုဏ်းချုပ်!"
"ဂျင်းလင်!!"
ကျန်းချန်မီးပုံးများလွှတ်တင်ပြီးနောက် လမုန့်ပွဲတော်စမည့်အချိန်တွင် ဘေးမှဂျင်းလင်မရှိတော့..။အစက ကျင့်ရီ စစ်ကျွေးတို့နှင့်တူတူရှိနေသည်ထင်သော်လည်း ထိုလန်၂ယောက်ကပြန်ရောက်လာကာ သူတို့နှင့်ရှိနေသည်မဟုတ်ဆိုသောကြောင့် ကျန်းချန် စိတ်ပူကာ ဂိုဏ်းသားများနှင့် ပဒုမ္မာတံခွန်သာ အတွင်းအပြင်ပတ်ရှာတော့သည်..။
"ဂျင်းလင်! ပွဲတော်ရက်တောင်ကမောက်ကမလုပ်နေတယ်! ပြန်တွေ့မှ ခြေထောက်ချိုးထားမယ်!"
"ကျန်းချန်ရာ ကလေးပဲ အလည်လွန်နေတာနေမှာပေါ့ ပြီးတော့ သူလည်းသူ့ဘာသာသူကာကွယ်တတ်ပါတယ်ကွာ"
ဝေ့ရင်းက ကျန်းချန်စိတ်ပူနေသည်ကိုလျော့စေရန်ပြောလိုက်သော်လည်း ကျန်းချန်စိတ်ပူနေသည်ကမလျော့..။
"သူလား အသုံးကျတာ! သူ့ပဲအရာရာစိတ်ပူနေရတယ်! ဘာမှသုံးစားမရဘူး!!"
"ကျန်းချန်ရာ..မင်းကိုကစိတ်ပူတာလွန်နေတာ..လိပ်ပြာပျိုလည်းပါသွားတာပဲဟာ..ဂျင်းလင်တစ်ခုခုဖြစ်ရင် ငါတို့..အဲ မင်းဆီပြေးလာမှာပေါ့.."
" ကဲ ကဲ ကဲပါ အကုန်လုံးလည်းဖြန့်ရှာနေကြတာပဲကို တွေ့မှာပါ""စစ်ကျွေး ကျင့်ရီ"
ဝေ့ရင်း ကျန်းချန်ကိုစိတ်ပြေအောင်ပြောနေရင်းမှ စစ်ကျွေးနှင့် ကျင့်ရီတို့ကိုခေါ်လိုက်သည်..။ စစ်ကျွေးနှင့် ကျင့်ရီတို့ ရောက်လာတော့..
"မင်းတို့ရှာတွေ့ရင် အချက်ပြမီးသာ လွှတ်လိုက်..ငါတို့လူခွဲရှာကြမယ်"
.
.
.
.
"ဟင့်..လိပ်ပြာပျို..မင်းဘယ်လို..အဟင့်..ထင်လဲ..စစ်ကျွေးငါ့ကိုလှည့်စားနေတယ်ထင်လား..ရွှတ်"ဂျင်းလင် ဂူအသေးတစ်ခုရှေ့တွင်ထိုင်ငိုနေမိသည်..။လိပ်ပြာပျိုလေးကလည်းဘေးမှာ ငြိမ်ရက်သား..
"ငါ့ပါးကိုနမ်းတယ် ပြီးတော့ ဟင့် ငါ့လွမ်းတယ်ပြောတယ်..။ပြီးတော့ကျင့်ရီကိုနမ်းတယ်..။စစ်ကျွေး ရွှတ် မင်း ဘာဖြစ်ချင်တာလဲ.."
![](https://img.wattpad.com/cover/200510887-288-k517663.jpg)
YOU ARE READING
Uncle Jiang will Scold us!
Fanfictionကျင့်ရီ စစ်ကျွေးနဲ့ ဂျင်းလင်တို့ကို 3some ရေးမှာပါ😷