(Zawgyi)
စစ်ကျွေး၏ စကားကြောင့် ဂျင်းလင် လန့်သွားသည်။"ငါ..ငါ.."
"အားလင်..ဟုတ်တယ်မလား..ငါကျင့်ရီကိုနမ်းလိုက်တာမြင်လို့ ထွက်ပြေးတာမလား"
ဂျင်းလင်က ဂူနံရံကပ်လျက်..စစ်ကျွေးက ဂျင်းလင်က အုပ်မိုးထားမတတ် ကြည့်ကာမေးတော့ ဂျင်းလင် စိတ်တို့ပင် အလွန်ကြောက်ရွံ့လာရသည်..။ဘေးမှာရပ်နေတဲ့ ကျင့်ရီကိုကြည့်လိုက်တော့ မီးတုတ်ကိုကိုင်ကာ ရှေ့တည့်တည့်သာ ကြည့်နေသည်ပင်..။
"ငါ..မတွေ့ပါဘူး..!ဘာလဲ မင်းတို့နမ်းတယ် ဟုတ်လား?! ငါ..ငါ အခုမှသိတာ! မင်းတို့ မီးပုံးလွှတ်ရင်းနမ်းတာ ငါမှမတွေ့တာ! မင်းတို့..နမ်းတာ ငါကဘာ..ဘာ လုပ်ရမှာလဲ!"
ဂျင်းလင်ကြောက်လန့်တကြားပင် ဖြေမိဖြေရာတွေဖြေတော့သည်..။
"ငါ မင်းကို မချစ်တော့မှာကြောက်နေတာလား အားလင်"
စစ်ကျွေး ပြုံးလိုက်ကာ ဂျင်းလင်ရဲ့ လက်ကို အုပ်ကိုင်မေးလိုက်သည်..။ဂျင်းလင် စစ်ကျွေး၏ မျက်နှာကိုသေချာပင် ကြည့်မိတော့..အလေးအနက်မေးနေကြောင်းပေိါလွင်နေတဲ့ စစ်ကျွေး မျက်လုံးများ..။
ဘာပြန်ဖြေရမှန်း ဂျင်းလင်မသိတော့..။ဘေးတွင်ရပ်နေသော ကျင့်ရီ ဂျင်းလင်ဘေးထိုင်ချလိုက်ကာ..
"စစ်ကျွေး ငါ့ကိုနမ်းတာနဲ့သူမင်းကိုမချစ်တော့ဘူးထင်လား..?သူ မင်းကိုချစ်တယ်..ပြီးတော့ ငါလည်းမင်းကို ချစ်တယ်လေ.."
"ဘာ!" ဂျင်းလင် အော်လိုက်သံသည် ဂူထဲတွင်ပဲ့တင်သံပင်ထွက်သွားသည်..။
"ဂျင်းလင်..ငါတို့..မင်းကို.."
"ဂျင်းလင်!!"
ကျင့်ရီ ဆက်မည့်စကားတို့သည် ဂူပေါက်ဝမှ အသံတို့နှင့်အတူပျောက်ကွယ်သွားသည်..။
"ဦးရီးတော်??"
ကျန်းချန်အချက်ပြမီးတွေ့တွေ့ချင်း ပြေးလာသော်လည်း ကလေးသုံးယောက်လုံးကိုမတွေ့၍စိတ်ပူကာအော်ခေါ်မိသည်..။
"ဂိုဏ်းချုပ်.!ဒီမှာ ဂူ တစ်လုံး! အထဲမှာမီးရောင်လည်းတွေ့တယ်"
![](https://img.wattpad.com/cover/200510887-288-k517663.jpg)
VOCÊ ESTÁ LENDO
Uncle Jiang will Scold us!
Fanficကျင့်ရီ စစ်ကျွေးနဲ့ ဂျင်းလင်တို့ကို 3some ရေးမှာပါ😷