(Zawgyi)
"ဂျင်းလင် ဘာဖြစ်နေတာလဲ..ကောင်းကောင်းမွန်မွန်ထိုင်စမ်း!""ဟုတ်ကဲ့ ဦးရီးတော်"
ဂျင်းလင်ကြောက်၍သာငြိမ်ထိုင်နေရသော်လည်း အောက်ပိုင်းကနာနေသေး၍လှုပ်ရွလှုပ်ရွဖြစ်နေရသည်..။ဟိုနှစ်ယောက်ကိုကြည့်တော့ ကျင့်ရီကရှက်သည့်ပုံဖြင့်ပြုံးစိစိလုပ်နေပြီး နောက်တစ်ယောက်ကအေးဆေးတည်ငြိမ်စွာပင် မနက်စာစားနေတော့ ဂျင်းလင်ထထုချင်လာသည်...။
**ဘာလဲကွာ! နှစ်ယောက်လုံးရုပ်ကဘာဖြစ်နေတာလဲ!အဲ့တာမင်းတို့ကြောင့်လေ! မင်းတို့ကြောင့် နာနေတာ!!တစ်ယောက်မှအားနာဟန်တောင်မပြဘူး!!**
စိတ်ထဲတကြိတ်ကြိတ်နှင့်သာ ဂျင်းလင်အော်နေနိုင်တော့သည်..။အောက်ပိုင်းက နာလာလျှင် စစ်ကျွေးကို ကြိတ်ဆဲလိုက်..အစာစားဖို့ပါးစပ်ဟတိုင်းနှုတ်ခမ်းထောင့်တွေကနာတော့ ဂျင်းလင်ကိုမေတ္တာပို့လိုက်နှင့်ပင်..။
ဒါပေမယ့်လည်း ညက အရင်စမိသူက ဂျင်းလင်ပင်ဖြစ်သည်ကို စဉ်းစားမိပြန်တော့လည်း ငြိမ်ကျသွားရပြန်သည်..။ရှက်စိတ်တွေပါ မွှန်ထူလာတော့ သက်ပြင်းချလိုက်သံက မထင်မှတ်ပဲ ကျယ်ထွက်သွားတော့သည်..။
"ဂျင်းလင်! အစားအစာကို မကြိုက်လို့လား?"
"အယ်..မဟုတ်ပါဘူး ဦးရီးတော်.."
"ဒါဆိုဘာတွေများစိတ်အနှောင့်အယှက်ဖြစ်နေတာလဲ..။တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား?"
အနိုင်ကျင့်လို့လားဆိုတော့ ဂျင်းလင် မဆီမဆိုင် ညကကိစ္စများကိုသတိရသွားမိတော့ မျက်နှာပျက်သွားကာခေါင်းကိုတွင်တွင်ခါလိုက်သည်ပင်..။
ဂျင်းလင်မူမမှန်တာကို သတိထားမိလိုက်သော ကျန်းချန်မှာတော့ အထင်လွဲသွားတော့သည်..
"ငါ့တူကို ဘယ်မျိုးမစစ်က အနိုင်ကျင့်ရဲရတာလဲ!!!"
ဟိန်းထွက်လာတဲ့ အသံနှင့်အတူ ဇီထျန်ကပါ ခရမ်းရောင်လက်ထလာတာမြင်လိုက်တော့ စစ်ကျွေးနှင့် ကျင့်ရီတို့ပါတုန်တတ်သွားရုံမျှမက...ဂျင်းလင်လည်းလန့်ကာထရပ်တော့ အောက်ပိုင်းကဆစ်ကနဲဖြစ်ကာ နာ၍အော်မိလိုက်သည်..။