25. အင်အားကိုထိန်းသိမ်း

4.5K 491 2
                                    

ဝူကျီးက အတော်လေးစိုးရိမ်သွားတာကြောင့် ဟွေ့ရင်လက်ကို လွှတ်ပေးလိုက်ပြီး တူကိုကောက်ကိုင်တယ်။

ပြီးတော့ သူ့ကိုအာရုံစိုက်လာအောင် အင်္ကျီလက်ကို အားစိုက်ဆွဲလိုက်တယ်။

"အင်း...ပြောလေ"
ကိတ်မုန်လုံးလေး ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာ ဟွေ့ရင် ရိပ်မိသွားတယ်။

"ဟ"
ဝူကျီးလေးက လေးနှစ်သားအသံလေးနဲ့ အမိန့်ပေးတယ်။

ဟွေ့ရင် ရှက်သွားပေမယ့် နာခံစွာပဲ ပါးစပ်ကို ဟလိုက်တယ်။ ဝူကျီးလေးက အမဲသားဖတ်ကို တူနဲ့ညှပ်ယူပြီး ဂရုတစိုက် ခွံ့ကျွေးလာတယ်။ သူ့မျက်နှာက တာည်ပြီး လေးနက်နေတယ်။

မိန်းမ...ထပ်ပြီး ဝမ်းမနည်းနဲ့တော့...နော်?

"အင်း...စားလို့ကောင်းလိုက်တာ"
ဟွေ့ရင်က ကျေနပ်နေတဲ့အပြုံးနဲ့ ဝူကျီးရဲ့ ဆံပင်ကို အသာဖွရင်း ဆိုတယ်။
"ကျေးဇူး"

နောက်တော့ ရှန်းလေးရဲ့ စိတ်မသက်မသာဖြစ်နေတဲ့ရုပ်ကို မြင်ပြီး ဟွေ့ရင် ရယ်လိုက်မိတယ်။

ဟွေ့ရင်က သူ့ဆံပင်ကိုလည်း ဆွဲဖွလိုက်တယ်။

"ဟုတ်ပြီ...မင်းလည်း မမကို ခွံ့ကျွေး"

ကိတ်မုန့်လုံးလေးနှစ်ခု တစ်လှည့်စီခွံ့ကျွေးနေတာတွေကို စားပြီးတဲ့နောက် ဟွေ့ရင် ဗိုက်လေးလာလို့ ဆက်မစားနိုင်တော့ဘူး။ အမွှာလေးတွေကို ပြန်ခွံ့ကျွေးရင်း လက်ဖက်ရည်သာ သောက်နေတော့တယ်။

နေ့လည်ခင်းပဲရှိသေးပေမယ့် ဆိုင်ထဲမှာ လူတွေ တော်တော်များများရှိနေတယ်။ ဒီဟော့ပေါ့ဆိုင်လေးက တက္ကသိုလ်တချို့နဲ့ နီးတာကြောင့် ကျောင်းသားတွေကြားမှာ လူသိများတယ်။

အစားအသောက်တွေက အရသာရှိပြီ ဈေးသက်သာတယ်။ ဒါကြောင့် တက္ကသိုလ်တက်စဉ်တုန်းက ကျန့်ရွှီနဲ့ ဟွေ့ရင် ဒီကို မကြာခဏလာဖြစ်ကြတယ်။

"ငါကြားတာတော့ နင် ချင်ပင်းချင်းနဲ့ တွဲနေတယ်ဆို?"
ဟွေ့ရင်က ကျန့်ရွှီကို နောက်လိုက်တယ်။

ချင်ပင်းချင်းက ကျန့်ရွှီကို ကြိုက်နေတာ အထက်တန်းကတည်းကပဲ။ ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ဘူး။ တက္ကသိုလ်တက်နေတဲ့တစ်လျှောက် ဟွေ့ရင်နဲ့ ကျန့်ရွှီက တတွဲတွဲမို့ ဟွေ့ရင် အမုန်းခံခဲ့ရသေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျောင်း group chat ထဲမှာ ဟွေ့ရင် စေ့စပ်ပြီးတဲ့အကြောင်း ကြေငြာလိုက်တော့မှ ချင်ပင်းချင်းရဲ့ သဘောထားက ပြောင်းသွားတော့တယ်။

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now